ဓာတုစစ်ဆေးရေးအဖွဲ့ ဆီးရီးယားမှာ တိုက်ခိုက်ခံရ

ဓာတ်ပုံ မူပိုင် AP
Image caption ပြန်ပေးဆွဲ ခံရတာ ဟုတ်မဟုတ် မသဲကွဲ

ဓာတုလက်နက် တားဆီးရေး ကုလသမဂ္ဂ အဖွဲ့ OPCW က သူတို့ရဲ့ စစ်ဆေးရေးမှူး အဖွဲ့ တစ်ဖွဲ့ဟာ ဆီးရီးယား နိုင်ငံ အလယ်ပိုင်း ဟာမာ ပြည်နယ်မှာ အချက်အလက်တွေ ရှာဖွေ စုဆောင်းနေစဉ် တိုက်ခိုက် ခံခဲ့ရကြောင်း၊ ဒါပေမယ့် အခုအခါ ဘေးကင်း လုံခြုံစွာ ရှိနေပြီ ဖြစ်ကြောင်း ပြောပါတယ်။

ဒမာ့စကပ်စ် မြို့ကို ပြန်သွားစဉ် လမ်းမှာ အခုလို တိုက်ခိုက်ခံခဲ့ရတာလို့ OPCW ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အစောပိုင်းကလည်း OPCW လက်နက်စစ်ဆေးရေး အဖွဲ့ဝင် ၆ ဦး၊ ဆီးရီးယား လူမျိုး ကားမောင်းသူ ၅ ဦးနဲ့အတူ ပြန်ပေးဆွဲ ခံခဲ့ရတယ်လို့ ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

OPCW ကြေညာချက်ထဲမှာတော့ အဲဒီလို ပြန်ပေးဆွဲ ခံခဲ့ရတာ ဟုတ်မဟုတ်ကို သဲသဲကွဲကွဲ ဖော်ပြမထားပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ