အကြမ်းဖက် ဆန့်ကျင်ဖို့ ၅ ဘီလျံ ကန်အစိုးရ ပေး

ဓာတ်ပုံ မူပိုင် AFP
Image caption မာလီနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် စစ်သွေးကြွ တစ်ဦး။

အစွန်းရောက် အယူဝါဒကို တိုက်ဖျက်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကို ကူညီဖို့ အမေရိကန် အစိုးရက ဒေါ်လာ သန်း ၅ ထောင်တန် အကြမ်းဖက်မှု ဆန့်ကျင်ရေး ရန်ပုံငွေ ထူထောင်မယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီက ကြေညာလိုက်ပါတယ်။

အမေရိကန် CBS ရုပ်မြင်သံကြား အစီအစဉ်ရဲ့ This Morning programme မှာ မစ္စတာ ကယ်ရီက ပြောရာမှာ အခု အစီအစဉ် အရ ကမ္ဘာတဝန်းက အကြမ်းဖက်မှု ဆန့်ကျင်ရေး စစ်ဆင်မှုတွေကို အမေရိကန်က အရင်းအမြစ်တွေ ပေးနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ West Point စစ်အကယ်ဒမီမှာ သမ္မတ အိုဘားမား မိန့်ခွန်း ပြောတဲ့အခါ ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကို ပြောလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ