အိန္ဒိယမှာ ညီအစ်မ ၂ဦးကို အုပ်စုဖွဲ့ အဓမ္မပြု သတ်ဖြတ်

ဓာတ်ပုံ မူပိုင် AP
Image caption အမှုကို စစ်ဆေးဖို့ ဒါးလစ် မျိုးနွယ်ဝင် အမျိုးသမီးတွေ ဆန္ဒပြကြစဉ်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာ ပရာဒက်ရှ် ပြည်နယ်မှာ ဆယ်ကျော်သက် အရွယ် ဝမ်းကွဲ ညီအမ နှစ်ဦးကို အုပ်စုလိုက် အဓမ္မ ပြုကျင့်ခဲ့ပြီး သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲ ခံထားရတဲ့ ရဲ ၂ ဦး အပါအဝင် လူအတော်များများကို လုပ်ဖော်ကိုင်ဖက် ရဲတွေက တရားစွဲဆို လိုက်ပါတယ်။

အဲဒီ မိန်းကလေးတွေဟာ ဒါးလစ် ဇာတ်နိမ့် အမျိုးအနွယ်ဝင်တွေ ဖြစ်ပြီး မနေ့က မနက် လင်းအားကြီး အချိန်မှာ သရက်ပင် တစ်ပင်မှာ ကြိုးကွင်းစွပ်လျက် တန်းလန်း သေဆုံးနေကြတာ တွေ့ရပါတယ်။

ကနဦးတုန်းက ဒီအမှုကို စုံစမ်း စစ်ဆေးဖို့ ရဲတွေက ငြင်းဆန်ခဲ့ကြပြီး ရွာသားတွေက တောင်းဆို ဆန္ဒပြခဲ့ကြတော့မှ သဘောတူခဲ့တာလို့ ဆိုပါတယ်။

အိန္ဒိယ နိုင်ငံမှာ လိင်ကိစ္စ အကြမ်းဖက်မှု ဆိုင်ရာ ဥပဒေတွေကို အစိုးရက မကြာသေးခင်ကပဲ တင်းကျပ် ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါပေမယ့်လည်း အဓမ္မ ပြုကျင့်မှုတွေအနက် အနည်းအပါး လောက်ကိုသာ ရုံးတင် တရားစွဲတာမျိုး ရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ