ထိုင်း နိုင်ငံရေး လမ်းပြမြေပုံ ကြေညာ

thai ဓာတ်ပုံ မူပိုင် Getty
Image caption ထိုင်းနိုင်ငံရေး တင်းမာမှု ပြေလျော့ဖို့ မလွယ်သေး

ထိုင်း နိုင်ငံရေး ပြုပြင်ရေးနဲ့ ရွေးကောက်ပွဲတွေ လုပ်နိုင်ဖို့ တနှစ်ကျော် ကြာနိုင်တယ်လို့ စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်းအိုးချားက ပထမဆုံး လူထုမိန့်ခွန်းမှာ ပြောပါတယ်။

နိုင်ငံရေး လမ်းပြမြေပုံ ပထမ အဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို မိသားစုအဆင့် ကနေ ရပ်ကွက်ကျေးရွာ ကအစ နိုင်ငံတော်အဆင့် အထိ လုပ်ဆောင်သွားမယ်။ အနည်းဆုံး အချိန် ၂ လ ၃ လလောက်တော့ ကြာမြင့်မယ်။ ပြီးရင်တော့ ဥပဒေပြုရေး အဖွဲ့ကို ဖွဲ့စည်းပြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းမယ်။

လွှတ်တော်ဖွဲ့ပြီး ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့ နိုင်ငံရေးပြုပြောင်းလဲရေးကို အများအတွက် အကောင်းဆုံး အသင့်တော်ဆုံး ဖြစ်အောင် လုပ်ဆောင်မယ်။

အဲ့ဒါ အချိန် တနှစ်လောက်ကြာမယ်။ ဒီထက် မြန်မလား ကြာမလားက တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနဲ့ အားလုံး ပါဝင်မှုပေါ် မူတည်တယ်။

အဲ့ဒီနောက်မှာ တရားမျှတဲ့ ရွေးကောက်ပွဲတွေ လုပ်သွားမယ်လို့ ပြောသွား ပါတယ်။

၉ နှစ်ကြာ နိုင်ငံရေးတင်းမာမှု ပပျောက်အောင် ပြည်တွင်း လုံခြုံရေး တပ်ဖွဲ့က အမျိုးသား ပြန်လည်သင့်မြတ်ရေး ဌာနတွေ ဖွင့်သွား မယ်လို့ ဗိုလ်ချုပ်ကြီး က ပြောသွားပါတယ်။

ပြန်လည်သင့်မြတ်ရေး ဌာတွေကို စစ်တပ်က ထိုင်းတောင်ပိုင်းမှာ လုပ်ခဲ့ ပေမယ့် မအောင်မြင်ဘူး လို့ ပြောလို့ ရပါတယ်။

ဒါကို နိုင်ငံတော်အဆင့် လာသုံးမှာက အောင်မြင်မယ် မအောင်မြင်ဘူးဆိုတာ ပြောဖို့တော့ စောပါတယ်။ ဒါပေမဲ့ လူပုဂ္ဂိုလ်တွေကြောင့် နိုင်ငံရေး တင်းမာမှု ဖြစ်တယ်ဆိုတာ စစ်တပ်က ယုံကြည်ပုံ ရပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ် အာဏာသိမ်း တုန်းက မူဝါဒ ဖွဲ့စည်းပုံကို ပဲ အဓိက ပြင်ပြီး ကန့်သတ် ချုပ်ချယ် ခဲ့ပါတယ်။ လူပုဂ္ဂိုလ် သင့်မြတ်ရေး မလုပ်ခဲ့လို့ အခု နိုင်ငံရေး တင်းမာမှုက သက်သေ ပြခဲ့ပါတယ်။

နိုင်ငံရေး တည်ငြိမ်ဖို့ ဆင်းရဲသားနဲ့ ချမ်းသာသူ ကြား တန်းတူညီမျှ အခွင့်အရေးရှိဖို့နဲ့ ဗဟို ချုပ်ကိုင်မှုတွေ လျှော့ပြီး အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေကို လုပ်ပိုင်ခွင့်၊ ဘတ်ဂျက်ငွေ ခွဲဝေသုံးစွဲခွင့်တွေ ပိုပေးရမယ်။

လူတိုင်းအတွက် တရားမျှတမှု ရှိတယ်လို့ ခံစားရ မှပဲ တည်ငြိမ် နိုင်မယ်လို့ ကျူလာလောင်ကောင်း တက္ကသိုလ် နိုင်ငံရေးနဲ့ လုံခြုံရေး ဆိုင်ရာ သိပ္ပံ ဌာနက ပညာရှင် ဒေါက်တာ ပနိထမ်း ဝပ်ထနာ့ယားကောန်က ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ