အစ္စရေး သိမ်းပိုက်နေရာမှာ အိမ်ရာ ထပ်ဆောက်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေး အိမ်ရာသစ် စီမံကိန်းတစ်ခု

အစ္စရေး အစိုးရက အရှေ့ ဂျေရုဆလင်နဲ့ အနောက်ဘက်ကမ်းက သိမ်းပိုက် နေရာတွေမှာ အခြေချ နေထိုင်ဖို့ နောက်ထပ် အိမ်ရာ ၁၅၀၀ လောက် တည်ဆောက်ဖို့ ရှိတဲ့ အစီအစဉ်ကို ကြေညာလိုက်ပါတယ်။

အစ္စရေး အိုးအိမ် ဝန်ကြီး Uri Arielက အဲဒီ အစီအစဉ်ဟာ သူ့အခေါ် အကြမ်းဖက် ပါလက်စတိုင်း ပေါင်းစည်း အစိုးရ ဖွဲ့စည်းခြင်း အတွက် စစ်မှန်တဲ့ ဇီယွန်ဝါဒီရဲ့ တုံ့ပြန်မှု တစ်ရပ်ပဲလို့ ပြောပါတယ်။

ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းကတော့ အဲဒီ အခြေချ နေထိုင်မှု အစီအစဉ်ကို မကြုံဖူးလောက်တဲ့ တုံ့ပြန်မှု ပြုလုပ်သွားမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

အစ္စရေးတို့ တည်ရှိမှုကို ဆန့်ကျင်တဲ့ အစ္စလာမ်မစ် ဟားမတ်စ် အဖွဲ့နဲ့ ဖာတာ အဖွဲ့တို့ ပူးပေါင်းပြီး ပါလက်စတိုင်း အစိုးရသစ်ကို ဖွဲ့စည်းလိုက်တာ ဖြစ်လို့ ဒီ ၂ဖွဲ့ကြား ၇ နှစ်ကြာ ကွဲလွဲနေခဲ့မှု အဆုံးသတ် သွားပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ