အီဂျစ် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆို

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတသစ်ကို ထောက်ခံ သူတွေက အခုလို အားပေး ခဲ့ကြပါတယ်

အီဂျစ် သမ္မတ ရွေးကောက်ပွဲ မှာ အနိုင်ရ ခဲ့တဲ့ စစ်တပ် အကြီး အကဲဟောင်း Abdul Fattah al-Sisi ဟာ သမ္မတ အဖြစ် ကိုင်ရိုမြို့ က အခြေခံ ဥပဒေ တရားရုံး ချုပ် မှာ ကျမ်းသစ္စာ ကျိန်ဆို လိုက်ပြီ ဖြစ်ပါတယ်။

အခမ်း အနားကို အီဂျစ် နိုင်ငံတော် သီချင်းနဲ့ စတင်ခဲ့ပြီး၊ ကျမ်းကျိန် အပြီး မှာတော့ မစ္စတာ စီစီဟာ သမ္မတ နန်းတော်ကို သွားရောက် ခဲ့ကာ အဲဒီမှာ အာဏာ လွှဲပြောင်း ခြင်း အခမ်း အနား တခု ကျင်းပပါတယ်။

ဒီအခမ်း အနားကို ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက် ခဲ့ပါတယ်။

အဲဒီမှာ ကြားဖြတ် အစိုးရ အကြီး အကဲ အက်လီ မန်ဆူဝ် နဲ့ မစ္စတာ စီစီတို့ အာဏာ လွှဲပြောင်းခြင်း လက်မှတ် ရေးထိုးခဲ့ ကြပါတယ်။ အီဂျစ် သမိုင်းမှာတော့ အခုလို လွှဲပြောင်း လက်မှတ်ထိုး တာဟာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

သမ္မတသစ် မစ္စတာ ဆီဆီက ဒီ အခမ်း အနားဟာ သီးခြား ပြုလုပ်တဲ့ သမိုင်းဝင် အခမ်း အနား ဖြစ်ကြောင်း ပြောကြားပါတယ်။

ပြီးခဲ့တဲ့ လက ကျင်းပ ခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မစ္စတာ စီစီဟာ မဲ အရေ အတွက် ၉၇ ရာခိုင်းနှုန်း ရရှိပြီး အနိုင် ရခဲ့တာ ဖြစ်ပါတယ်။

အတိုက် အခံတွေ က တော့ ဒီရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ