ဗာတီကန်မှာ ဘာသာစုံ ဝတ်ပြု ဆုတောင်း

Pope ဓာတ်ပုံ မူပိုင် AFP
Image caption အရှေ့ရောမ ခရစ်ယာန် ဂိုဏ်းချုပ်ကြီးလဲ တက်ရောက်

ရောမမြို့ ဗာတီကန် နန်းတော်မှာ ဝတ်ပြု ဆုတောင်းပွဲ တက်လာကြတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း သမ္မတတွေကို ပုပ်ရဟန်း မင်းကြီး ဖရန်ဆစ်က ကြိုဆို ခဲ့ပါတယ်။

အစ္စရေး သမ္မတ Shimon Peres နဲ့ ပါလက်စတိုင်း သမ္မတ Mahmoud Abbas တို့ ပုပ်ရဟန်းမင်းကြီး နန်းတော် အပြင်ဘက်မှာ တွေ့ဆုံ ခဲ့ကြပြီး ဒီ ဗာတီကန် နန်းတော် ဥယျာဉ် ထဲက ဆုတောင်းပွဲ အခမ်းအနားမှာ အရှေ့ ရောမ ခရစ်ယာန်ဂိုဏ်းက ဂိုဏ်းချုပ်ကြီး Bartholomew လဲ တက်ရောက် ခဲ့ပါတယ်။

ပုပ်ရဟန်း မင်းကြီးက သမ္မတ ၂ ယောက်လုံးကို အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး အတွက် သတ္တိရှိရှိ အဖြေရှာ ကြိုးပမ်း သွားကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

ခရစ်ယာန်၊ မွတ်ဆလင်နဲ့ ဂျူးဘာသာဝင် တွေ စုပေါင်း ဝတ်ပြု ခဲ့ကြတဲ့ ဒီဆုတောင်းပွဲ အပြီး သူတို့ လက်ဆွဲ နှုတ်ဆက် ခဲ့ကြပြီး ငြိမ်းချမ်းရေး အထိမ်းအမှတ် သံလွင်ပင် တပင်ကိုလဲ စိုက်ပျိုး ခဲ့ကြပါတယ်။

အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ သူ့အနေနဲ့ ဘာမှ တိုက်ရိုက် ဆွေးနွေး ညှိနှိုင်းပေးမှာ မဟုတ်ဘူး လို့လဲ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ