၂ဝ၁၄ ကမ္ဘာ့ဖလားပွဲကြီး ဖွင့်လှစ်

world cup ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာကျော် သရုပ်ဆောင် တွေက သီဆို ဖျော်ဖြေ

ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ ကြီးကို ဘရာဇီး နိုင်ငံ ဆော်ပေါ်လို မြို့ ကော်ရင်သီယံ ကစား ကွင်းကြီး မှာ ကြီးကျယ် ခမ်းနားစွာ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။

ဘရာဇီး ရဲ့ ဘောလုံးကို အရူး အမူး နှစ်သက်မှု တွေကို ကိုယ်စားပြု ပြီး ဆန်းကြယ် လှပစွာ ဝတ်ဆင် ထားတဲ့ ကချေသည် တွေရဲ့ ဖျော်ဖြေမှုကို ထောင်သောင်း ချီတဲ့ ပရိသတ် တွေက ကြည့်ရှု ခဲ့ကြပါတယ်။

ဖွင့်ပွဲ အပြီးမှာ ဘရာဇီး သမ္မတနဲ့ ဖီဖာ ကမ္ဘာ့ ဖလား အဖွဲ့ချုပ် ကို ပရိသတ် ထဲက သရော် လှောင်ပြောင် အော်ဟစ် ခဲ့ကြပါတယ်။

အိမ်ရှင် ဘရာဇီးနဲ့ ခရိုအေးရှား အသင်း တို့ရဲ့ ပထမဆုံး ပွဲဦးထွက် ကစားပွဲမှာတော့ ဘရာဇီး က ခရိုအေးရှားကို ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွား ခဲ့ပါတယ်။

ပထမဆုံး ဂိုးကို ခရိုအေးရှား က သွင်း ခဲ့ပေမယ့် ဘရာဇီး ဘက်က Neymar က ပထမ ၂ ဂိုး၊ Oscar က နောက်ဆုံး တဂိုးသွင်းပြီး ဘရာဇီး ကို အောင်ပွဲ ရစေခဲ့ပါတယ်။

လမ်းတွေပေါ်မှာတော့ အရောင် အဝါ အစိမ်းတွေ ဆင်မြန်း ထားကြတဲ့ သန်းနဲ့ချီတဲ့ ဘရာဇီး နိုင်ငံသားတွေ အောင်ပွဲ ခံနေကြပါတယ်။

ဆန္ဒပြ ပွဲ အသေးစား တွေနဲ့ ဆူပူ လုယက်မှုတွေလဲ ဘောလုံးပွဲ ကျင်းပတဲ့ မြို့ကြီး တော်တော်များများမှာ ဆက်လက် ဖြစ်ပွား နေပါတယ်။

ဆော်ပေါ်လိုမှာ ရဲက မျက်ရည်ယို ဗုံးနဲ့ လူစု ခွဲခဲ့ပြီး ၃၁ ယောက်ကို ဖမ်းထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ