ယူကရိန်း စစ်တပ်လေယာဉ် ပစ်ချခံရ

Ukraine ဓာတ်ပုံ မူပိုင် AFP
Image caption လေယာဉ်ပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်

ရုရှဘက်သား ခွဲထွက်ရေး သမား တွေက ယူကရိန်း စစ်တပ်က ပို့ဆောင်ရေး လေယာဉ် တစင်းကို ယူကရိန်း အရှေ့ပိုင်းက လူဟန့်စ် မြို့မှာ ပစ်ချ ခဲ့ပါတယ်။

လေယာဉ်ပေါ် ပါသူ တပ်သား ၄၉ ယောက်လုံး သေဆုံးသွားပြီး တပ်နေရာပြောင်းဖို့ ရွှေ့လာတဲ့ တပ်သားတွေ ဖြစ်တယ်လို့ ယူကရိန်း ကာကွယ်ရေး ဌာနက ထုတ်ပြန် ခဲ့ပါတယ်။

ယူကရိန်း စစ်တပ်က ပို့ဆောင်ရေး ဂျက် လေယာဉ် ကြီးကို လေယာဉ်ပစ် လက်နက် ကြီးတွေ၊ စက်သေနတ်ကြီး တွေနဲ့ ပစ်ခတ် ခဲ့တာပါ။

ယူကရိန်း အရှေ့ပိုင်းက အရေးပါတဲ့ မြို့တော်ဖြစ် Mariupol ကို အစိုးရတပ်က ပြန်သိမ်း လိုက်ပြီးနောက် တရက်မှာ ဒီလို ပစ်ချ ခံခဲ့ရတာ ဖြစ်ပြီး ယူကရိန်း ဘက်က တကြိမ်ထဲနဲ့ အများဆုံး ကျဆုံးတဲ့ တပ်သား အရေအတွက် ဖြစ်ပါတယ်။

ရှေ့လျှောက် ယူကရိန်း အရှေ့ပိုင်း အခြေအနေ ပိုဆိုး လာဖို့ ရှိတယ်လို့ ဘီဘီစီ သတင်းထောက် က ပြောဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ