Mariupol ကို ယူကရိန်းအစိုးရ သိမ်းယူ

pro_russian_militant_ukraine ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်း အရှ့ခြမ်းက ခွဲထွက်ရေးသမားတွေ

ယူကရိန်း အစိုးရတပ်တွေ ဟာ၊ ရုရှားလိုလားသူ ခွဲထွက်ရေး ဝါဒီတွေ နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပြီး နောက်၊ အရှေ့ဘက်ပိုင်း မြို့တော်ဖြစ် တဲ့ ကို၊ ထိန်းချူပ် လိုက်နိုင်ပါ တယ်။ ခွဲထွက်ရေး လက်နက်ကိုင် ၅ ဦး သေဆုံးကြောင်း သတင်းရရှိ သလို၊ အစိုးရ တပ်ဘက်က လည်း၊ အနည်းဆုံး ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဒီအချိန်မှာပဲ၊ ရုရှားဆီက ဝယ်ယူရတဲ့ သဘာဝ ဓာတ်ငွေ့ နဲ့ ပတ်သက်ပြီး စျေးနှုန်း သတ်မှတ်ဖို့ရာ၊ ၂ နိုင်ငံအကြား၊ သဘောတူမှု မရခဲ့တဲ့ အတွက်၊ ရုရှား ရဲ့ ဓာတ်ငွေ့ ဖြတ်တောက် မှု ကြုံလာရ နိုင်တယ် ဆိုပြီး၊ ယူကရိန်း ဝန်ကြီးချူပ် Arseniy Yatsenyuk က၊ သတိပေး လိုက်ပါ တယ်။

တခါ၊ ယူကရိန်းကို ဖြတ်ပြီး၊ ဥရောပကို တင်ပို့တဲ့ ရုရှား ဓာတ်ငွေ့အပေါ် ကောက်ခံတဲ့၊ ဖြတ်သန်းခွန် နှုံးထားကို ပြန်လည် သုံးသပ်ဖို့၊ တာဝန်ရှိသူတွေ ကို၊ မစ္စတာ ယက်ဆင်ညု က အမိန့်ထုတ်လိုက်ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ