သီရိလင်္ကာ မှာ ညမထွက်ရ အမိန့်ထုတ်

sri lanka monk
Image caption မွတ်ဆလင်ပိုင် အိုးအိမ်တွေ ဖျက်ဆီးခံရ

ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာဝင် တွေကြား ဆူပူမှု တွေကြောင့် သီရိလင်္ကာ မှာ ညမထွက်ရ အမိန့် ကို နောက်ထပ် မြို့ ၂ မြို့ တိုးပြီး ထုတ်ပြန် ထားပါတယ်။

ကိုလံဘို မြို့တော် တောင်ဘက်က မိုင် ၄ဝ လောက် ဝေးတဲ့ Aluthgama နဲ့ Beruwala မြို့တွေ နားမှာ အဓိကရုဏ်း ဖြစ်ပွားပြီး လူတော်တော်များများ ထိခိုက် ဒဏ်ရာရလို့ ဆေးရုံတင်ထားရတယ် ဆိုတဲ့ သတင်းတွေ ရပါတယ်။

မွတ်ဆလင် တွေကို လိုက်ရှာပြီး ကားတွေပေါ်က ဆွဲချ ရိုက်နှက်တာတွေ လုပ်တယ်လို့ မျက်မြင် သက်သေ တွေက ဆိုပါတယ်။

သူတို့ကို မုန်းတီးရေး တိုက်ခိုက်မှုတွေ ရန်က ကာကွယ်ပေးဖို့ မွတ်ဆလင် ခေါင်းဆောင် တွေက သီရိလင်္ကာ သမ္မတ မဟင်ဒါ ရာဂျပက်ဆီကို အကူအညီ တောင်းခဲ့ပြီးနောက် ဆူပူမှုတွေ ဖြစ်ပွား ခဲ့တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ