ရုရှားတင့်ကား ကျူးကျော်မှု နေတိုးသက်သေပြ

john_kerry_sergey_lavrov ဓာတ်ပုံ မူပိုင် AP
Image caption ဂျွန်ကယ်ရီနဲ့ ဆာဂေး လက်ဗ်ရော့ဖ်

ရုရှားက ငြင်းဆို ထားခဲ့တဲ့၊ ယူကရိန်း အရှေ့ဘက်ပိုင်း နယ်မြေ ထဲ၊ ရုရှား သံချပ်ကာကား ၃ စင်း ဝင်ရောက်ခဲ့တယ် ဆိုတဲ့ စွပ်ဆွဲမှုတွေကို အတည်ပြုပေးနိုင်တဲ့ ဂြိုဟ်တု ဓာတ်ပုံတွေကို၊ နေတိုး အဖွဲ့က ထုတ်ပြန် လိုက်ပါ တယ်။ ရှိနှင့်ပြီး ဗီဒီယို သက်သေ အထောက်အထားတွေ ကို၊ အခု ထုတ်ပြန် ပေးတဲ့ ဓာတ်ပုံတွေ က ပိုမို ခိုင်မာစေပါ တယ်။

အဲဒီ့ ဂြိုလ်တုပုံတွေမှာ၊ T-64 Tank ကားတွေဟာ၊ Rostov on Don နယ်မြေအနီး၊ အခြေစိုက်ထားတဲ့ ရုရှားတပ်တွေ နေရာ ချထားရာကနေ၊ ယူကရိန်း နယ်မြေထဲအထိ ရောက်ရှိလာတဲ့ အဆင့်ဆင့်ကို ဖော်ပြနေပါတယ်။ ဒီတင့်ကားတွေဟာ၊ ယူကရိန်း သံချပ်ကာကားတွေလို မဟုတ်ပဲ၊ ဘယ်လို အမှတ်တံဆိပ် မျိုးမှ တပ်ဆင် မထားသလို၊ ကိုယ်ထည်တွေ ပေါ်မှာလည်း ပြောက်ကျားရောင်တွေလည်း ရေးချယ်မထားပါဘူး။

တခါ၊ ယူကရိန်း အစိုးရဘက်လေယာဉ်ကို၊ ရုရှား လိုလားသူ ခွဲထွက်ရေးသမား တွေ ပစ်ချခဲ့တဲ့ အပေါ် စိုးရိမ်ကြောင်း၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီက၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗရော့ဗ် ကို ပြောကြား ခဲ့ပါတယ်။

မစ္စတာ လက်ဗ်ရော့ဗ် ကလည်း၊ အမေရိကန်ရဲ့ ဩဇာညောင်းမှုကို အသုံးချပြီး၊ အရှေ့ဘက်ခြမ်း နယ်မြတွေမှာ စစ်ရေးအရ လှုပ်ရှားမှုတွေကို အဆုံးသတ်ဖို့၊ ယူကရိန်း အစိုးရကို တိုက်တွန်းပါ ဆိုပြီး၊ ပြန်လည် ပြောဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ ကီးယက်ဗ် မြို့တော်မှာ ရှိတဲ့၊ ရုရှား သံရုံးကို ၊ ဆန္ဒပြသူတွေက ကြက်ဥတွေနဲ့ ပစ်ပေါက်ခဲ့တာတွေ၊ သံတမန်ကားတွေကို ဆွဲလှန် မှောက်ပစ်ခဲ့တာတွေ စတဲ့ အပြုအမူတွေကိုတော့၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကယ်ရီက ရှုံ့ချခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ