နိုင်ငံတကာ အကူအညီမဲ့နေဟု အီရတ် အစိုးရ ဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆူနီတွေကို တိုက်ဖို့အတွက် လုံခြုံရေးတွေနဲ့ ရှီအိုက် မွတ်ဆလင်တွေ အီရတ် တပ်ဖွဲ့ထဲ ဝင်ရောက်လာ

အီရတ် အနေနဲ့ ဆူနီ စစ်သွေးကြွတွေရဲ့ ထကြွမှုကို ရင်ဆိုင်နေရတဲ့ အချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ပစ်ပယ် ထားတယ်လို့ အီရတ် ခေါင်းဆောင်တွေ ခံစားနေရကြောင်း ဝန်ကြီးချုပ် နိုရီအယ်လ် မာလီကီရဲ့ ပါတီက ပြောခွင့်ရ ပုဂ္ဂိုလ်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ ပြဿနာကို ဖြေရှင်းနိုင်ဖို့ လေကြောင်းက ပစ်မှတ်ထား တိုက်ခိုက်မှု အပါအဝင် ချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေကို အမေရိကန်၊ ဥရောပနဲ့ ကုလသမဂ္ဂတို့က ကူညီပေးပါလို့လည်း ပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Zouhair al-Nahar က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ လေကြောင်းကနေ ကူညီ တိုက်ခိုက်ဖို့ အီရတ် အစိုးရရဲ့ တောင်းဆိုမှုကို လက်ခံ မခံ ထုတ်ဖော် မပြောသေးပါဘူး။

အမေရိကန် နိုင်ငံရေးသမား အတော်များများက မစ္စတာ မာလီကီ ရာထူးက ဆင်းဖို့ တောင်းဆိုနေချိန်မှာ အမေရိကန် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အမေရိကန် အနေနဲ့ အီရတ် ဝန်ကြီးချုပ်ထက် အီရတ် ပြည်သူတွေရဲ့ အရေးကို ပိုအာရုံထားတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ