ရေနံတူးစင်တွေ ပင်လယ်ထဲ တရုတ် ထပ်မံချထား

ဓာတ်ပုံ မူပိုင် AP
Image caption ရေနံတူးစင်တွေ ထပ်ချထားဖို့ တရုတ်က ကြေညာအပြီး ဗီယက်နမ်မှာ ဆန္ဒပြကြစဉ်။

တရုတ် အစိုးရဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ကျွန်းစု ပိုင်ဆိုင်မှု၊ ရေပိုင်နက် ပိုင်ဆိုင်မှု ကိစ္စ အငြင်းပွားမှုတွေ တင်းမာနေချိန်မှာပဲ တောင်တရုတ် ပင်လယ် အတွင်းမှာ ဓာတ်ငွေ့နဲ့ ရေနံတူးစင်တွေ ထပ်မံ ချထားလိုက်ပါတယ်။

အဲဒီ ရေနံတူးစင်တွေထဲက တစ်ခုကိုတော့ ဗီယက်နမ် နိုင်ငံအနီးကို ပိုတိုးရွှေ့ ထားမှာ ဖြစ်ပေမယ့် တရုတ်ပိုင် သီးသန့် စီးပွားရေးဇုန် အတွင်းမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

ကျန်တဲ့ ရေနံတူးစင် ၃ ခုကိုတော့ တရုတ် ကမ်းရိုးတန်းနဲ့ ပိုမို နီးကပ်စွာ ထားမှာ ဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာ ဒေသတွင်း တင်းမာမှု အမြင့်မားဆုံး ဖြစ်နေချိန်မှာ တရုတ် အစိုးရအနေနဲ့ ရေပြင်က သယံဇာတ တူးဖော်မှုတွေကို အခိုင်အမာ ဆက်လုပ်သွားမယ် ဆိုတာကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတုန်းက အပြင်းအထန် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာမှာ ရေနံတူးစင် တစ်ခု ချထားတာနဲ့ ပတ်သက်လို့ တရုတ်နဲ့ ဗီယက်နမ် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး သင်္ဘောတွေ အချင်းချင်း ဝင်တိုက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ