ဂရိ နိုင်ငံမှာ ဘိန်းဖြူ တန်နဲ့ချီ စံချိန်တင် ဖမ်းမိ

ဓာတ်ပုံ မူပိုင် AP
Image caption ဂရိမှာ ဘိန်းဖြူ ပမာဏ အများအပြား မကြာခဏ ဖမ်းဆီးမိ

ဂရိ နိုင်ငံမှာ ဘိန်းဖြူ တန်နဲ့ချီ ဖမ်းဆီးမိ ခဲ့တယ်လို့ ဂရိ အာဏာပိုင်တွေက ပြောပါတယ်။

ဒါဟာ ဥရောပမှာ ဖမ်းဆီးမိသမျှ မူးယစ်ဆေးဝါးတွေထဲမှာ ပမာဏ အများဆုံးလို့ ယူဆရပါတယ်။

ကာလ ပေါက်စျေး ဒေါ်လာ သန်း ၈၀ ကျော် တန်ဖိုးရှိတဲ့ အဲဒီ ဘိန်းဖြူတွေကို အေသင်မြို့ ဆင်ခြေဖုံးက ဂိုဒေါင်တွေမှာ ဖွက်ထားတာ ဖြစ်ပြီး တခြား ဥရောပ နိုင်ငံတွေမှာ ပြန်ရောင်းဖို့ ရည်ရွယ်တာလို့ ယူဆရပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး လောလောဆယ် လူ ၂၅ ဦးကို ဖမ်းဆီးထားပါတယ်။

ဂရိ နိုင်ငံဟာ အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသက မူးယစ်ဆေးဝါးတွေကို ဥရောပ နိုင်ငံတွေထဲ မှောင်ခို တင်သွင်းတဲ့ လမ်းကြောင်းရဲ့ တစိတ်တပိုင်းအဖြစ် ကာလ တာရှည်ကတည်းက ရှိနေခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ