ဆူဒန် အမျိုးသမီး အခြေအနေ ကန်စုံစမ်း

sudan ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကကို သွားဖို့ ကြိုးစား တာ ဖြစ်လိမ့်မယ်

ဆူဒန် မှာ အစ္စလာမ် ဘာသာကို စွန့်ပယ်လို့ သေဒဏ် ပေးခံ ခဲ့ရတဲ့ အမျိုးသမီး Meriam Ibrahim ကို ဆူဒန် အစိုးရက တိုင်းပြည် က ဘေးကင်း လုံခြုံ စွာနဲ့ ထွက်ခွာ ခွင့် ပေးလိုက် ပြီလား စုံစမ်း နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြော ပါတယ်။

Meriam Ibrahim ကို အကျဉ်းထောင်က တနင်္လာ နေ့က လွှတ်ပေးလိုက်ပြီး နောက် တရက်မှာပဲ ခါတွမ်း လေဆိပ်မှာ ထိန်းသိမ်း ခံခဲ့ရပါတယ်။

သူ့ကို ဖမ်းထားဆဲ ဟုတ်မဟုတ် သေချာ မသိရ ပေမယ့် Meriam တို့ မိသားစု ကို ခု ပြန်လွှတ်ပေးလိုက်ပြီလို့ ဆူဒန် တာဝန် ရှိသူ တွေ ဘက်က ပြောကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောကြား ပါတယ်။

သူ့ခင်ပွန်းသည်က အမေရိကန် နိုင်ငံသား ဖြစ်တာမို့ သူတို့ အမေရိကကို သွားဖို့ ကြိုးစား တာ ဖြစ်လိမ့်မယ်လို့ ယူဆ နေကြပါတယ်။

သူတို့ နိုင်ငံကူး လက်မှတ် အထောက်အထား နဲ့ ပတ်သက်ပြီး စစ်ဆေးခံနေရဆဲ ဖြစ်တယ်လို့လဲ သူ့ ရှေ့နေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ