ထိုင်း အဝေးရောက် အတိုက်အခံအဖွဲ့ ဖွဲ့စည်း

ဓာတ်ပုံ မူပိုင် Reuters
Image caption မေ ၂၂ ရက်က အာဏာသိမ်းပြီး ကတည်းက စစ်အစိုးရ အုပ်ချုပ်ဆဲ

ထိုင်းနိုင်ငံမှာ ဒီမိုကရေစီ စနစ်ကို ပြန်လည် ဖော်ဆောင်နိုင်ဖို့အတွက် အခုလက်ရှိ စစ်အစိုးရကို အတိုက်အခံပြုမယ့် အဝေးရောက် စင်ပြုင် အဖွဲ့အစည်းတစ်ရပ်ကို ယခင် ဝန်ကြီးဟောင်း တစ်ဦးက ဦးဆောင် ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

ဒါဟာ လွန်ခဲ့တဲ့လက အာဏာသိမ်းခဲ့တဲ့ ထိုင်း စစ်အစိုးရကို အတိုက်အခံပြုဖို့အတွက် ပထမဆုံးအနေနဲ့ ညီညီညွတ်ညွတ် တုံ့ပြန်ကြမှု ဖြစ်ပါတယ်။

လူအခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လွတ်လပ်တဲ့ ထိုင်းများလို့ အမည်ပေးထားတဲ့ အဲဒီအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ကို နိုင်ငံခြားမှာ တိမ်းရှောင်နေတဲ့ ယခင် အရပ်ဖက် အစိုးရ ဝန်ကြီးဟောင်း ချာရုပွန် ရုဝန်ဆူဗန်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ချာရုပွန်ဟာ စစ်အစိုးရလက်အောက်က လွတ်မြောက်ခဲ့တဲ့ တစ်ဦးတည်းသော ဝန်ကြီးဟောင်း ဖြစ်ပြီး သူ့ရဲ့ အဖွဲ့အစည်း အခြေစိုက်ရာ နေရာကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ