ယူကရိန်း ငြိမ်းချမ်းရေး ပထမဆုံး ခြေလှမ်း

ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရတပ်တွေ မဆုတ်သရွေ့ လက်နက် ကိုင်နေဦးမယ်လို့ သူပုန်တွေ ပြော

ယူကရိန်း အရေးမှာ ရုရှစစ်တပ်ကို စစ်ရေးအရ ပါဝင်ခွင့် ပေးထားတာကို ပြန်လည် ရုပ်သိမ်းဖို့ ရုရှသမ္မတ ပူတင်က ပါလီမန်ကို ပြောလိုက်ပါတယ်။

ဒါဟာ ယူကရိန်း ငြိမ်းချမ်းရေး အစီအစဉ်ကို ကူညီဖို့ ရုရှရဲ့ လက်တွေ့ လုပ်ဆောင်တဲ့ ပထမဆုံး ခြေလှမ်းဖြစ်တယ်လို့ ယူကရိန်း သမ္မတ ပိုရိုရှန်ကိုက ပြောပါတယ်။

အစောပိုင်းကတော့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ရေး သမားတွေနဲ့ အစိုးရကြား ၄ ရက်ကြာ အပစ်အခတ် ရပ်စဲရေး ကိစ္စနဲ့ ပတ်သက်ပြီး အိုဘားမားနဲ့ ပူတင်တို့ ဖုန်းကနေ စကားပြောခဲ့ပါသေးတယ်။

ဒီအစီအစဉ်ကို ရုရှက ကူညီ ဆောင်ရွက်ပေးဖို့ အိုဘားမားက ဖုန်းဆက် ပြောခဲ့တာလို့ အိမ်ဖြူတော်က ကြေညာပါတယ်။

ရုရှ လက်နက်တွေ ယူကရိန်း အရှေ့ပိုင်းကို ဝင်ရောက်နေတာတွေ ရပ်သွားဖို့လဲ အမေရိကန် ဘက်က တောင်းဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ