အိန္ဒိယ ဂက်စ်ပိုက်လိုင်း ပေါက်ကွဲ၊ ၁၄ ဦး သေ

ဓာတ်ပုံ မူပိုင် Reuters
Image caption အနီးဝန်းကျင်က လူတွေ အိုးအိမ်စွန့် ထွက်ခွာခဲ့ရ

အိန္ဒိယ နိုင်ငံ တောင်ပိုင်း အန်ဒရာ ပရာဒက်ရှ် ပြည်နယ်မှာ နိုင်ငံပိုင် ဂက်စ် ပိုက်လိုင်း တစ်ခု မီးလောင် ပေါက်ကွဲမှုကြောင့် လူ ၁၄ ယောက် ထက်မနည်း သေဆုံးခဲ့ရပါတယ်။

နေအိမ် အမြောက်အများ ပျက်စီးသွားခဲ့ပြီး အနီးဝန်းကျင် ကျေးရွာတွေက လူတွေ အိုးအိမ်စွန့် ထွက်ခွာခဲ့ကြရပါတယ်။

ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက အသက် သေဆုံး ဒဏ်ရာရသူတွေရဲ့ မိသားစုတွေကို နစ်နာကြေးငွေ ပေးမယ်လို့ ပြောပါတယ်။

အခုတော့ မီးလောင်မှုကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပြီး ပေါက်ကွဲရတဲ့ အကြောင်းရင်းကို စတင် စုံစမ်းနေပြီဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ