တီကရစ်မြို့ကို အီရတ်အစိုးရ တပ်တွေ ပြန်တိုက်

ဓာတ်ပုံ မူပိုင် Reuters
Image caption တီကရစ် မြို့ မြောက်ဘက်ပိုင်း ရပ်ကွက် တခု မှာတော့ အစိုးရ တပ်ဖွဲ့တွေ အခိုင် အမာ ခြေကုပ်ယူ

အီရတ် နိုင်ငံ မြောက်ပိုင်း တီကရစ်မြို့ကို သိမ်းယူ ထားတဲ့ ဆွန်နီ စစ်သွေးကြွတွေ ခုခံတာကို ခံခဲ့ရတဲ့ အစိုးရ တပ်ဖွဲ့ တွေဟာ တရက်နားပြီး နောက် အမြောက်တွေနဲ့ တကျော့ပြန် တိုက်ခိုက်နေ ပါတယ်။

တီကရစ် မြို့ မြောက်ဘက်ပိုင်း ရပ်ကွက် တခု မှာတော့ တိုက်ပွဲတွေ ဟာ ဆက်လက် ဖြစ်ပွား နေဆဲလို့ ဆိုပါတယ်။

အဲဒီ နေရာကို ပြီးခဲ့တဲ့ နှစ်ရက်က ရဟတ်ယာဉ်နဲ့ တပ်ဖွဲ့တွေကို ချထား ခဲ့ပြီး၊ အခိုင် အမာ ခြေကုပ် ယူထားတာ ဖြစ်ပါတယ်။

စနေနေ့က တိုက်ခိုက်ခဲ့ တုန်းကတော့ ထိခိုက် ကျဆုံး တာတွေ ခံခဲ့ရပြီးနောက် အီရတ် စစ်တပ် အများစုဟာ ပြန်ဆုတ် သွားခဲ့တာ ဖြစ်ပါတယ်။

မြို့ထဲမှာ အဓိက လမ်းမကြီး တလျောက် အိုင်းစစ် စစ်သွေးကြွေ တွေကနေ ဗုံးတွေ ချထား တဲ့အတွက် လုံခြုံရေး တပ်ဖွဲ့တွေဟာ မြို့လယ်ကို ဝင်လို့ မရ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ