အစ္စရေး ဆယ်ကျော်သက် ၃ ယောက် အလောင်းတွေ့

Israeli teenagers ဓာတ်ပုံ မူပိုင် Reuters
Image caption အနောက်ဘက်ကမ်းမှာ ရှာဖွေ စစ်ဆေး

အရင်လ ဆန်းက အနောက်ဘက် ကမ်း ဒေသ မှာ ကား တားဆီး ရင်း ပျောက် သွားတဲ့ အစ္စရေး ဆယ်ကျော် သက် ၃ ယောက် ရဲ့ အလောင်း တွေကို အစ္စရေး လုံခြုံရေး က ရှာတွေ့ ခဲ့ ပါတယ်။

အနောက်ဘက် ကမ်း Hebron မြို့နား ကွင်းပြင် ထဲက ကျောက်ပုံ အောက် မှာ အလောင်း တွေကို တွေ့ခဲ့တယ် လို့ အစ္စရေး စစ်ဘက် ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ပါတယ်။

Halhul ဆိုတဲ့ ပါလက်စတိုင်း ရွာ တရွာ ကို တပ်နဲ့ ဝင်စီးနင်း ရှာဖွေ ခဲ့ပါတယ်။

ဆယ်ကျော်သက် ၃ ယောက်ကို တိရိစ္ဆာန် တွေက သွေးအေးအေး နဲ့ ပြန်ပေးဆွဲ သတ်ဖြတ် သွားတာ ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု က အရေးပေါ် ဝန်ကြီး အဖွဲ့ အစည်းအဝေး မှာ ပြောကြား ခဲ့ပါတယ်။

ပါလက်စတိုင်း ဟားမတ်စ် အဖွဲ့ရဲ့ လက်ချက်လို့ ပြင်တင် ပြောဆို ခဲ့ပြီး လက်တုံ့ပြန် သွားမယ် လို့လဲ သူက ကတိပေး ခဲ့ပါတယ်။

ဟားမတ်စ် ဘက် ကတော့ သူတို့ လက်ချက် မဟုတ်ဘူးလို့ ငြင်း ဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ