ခေါင်းဆောင်း ပဝါ တားမြစ်ချက်ကို အီးယူ ထောက်ခံ

ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption ခေါင်းဆောင်းပဝါကို လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ပြင်သစ်မှာ တားမြစ်

အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ မျက်လုံး နေရာလေးပဲ ဖော်ပြီး မျက်နှာအပြည့် ခေါင်းဆောင်း ပဝါ ခြုံတာကို ပြင်သစ်နိုင်ငံက တားမြစ်ထားတဲ့အပေါ် လူ့အခွင့်အရေး ဆိုင်ရာ ဥရောပ တရားရုံး ကလည်း ဒီတားမြစ်ချက်ကို ထောက်ခံ အတည်ပြုလိုက်ပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ဒီတားမြစ်ချက်ဟာ ဘာသာရေး အရ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ချိုးဖောက်ရာ ရောက်တယ် ဆိုပြီး အသက် ၂၄ နှစ်အရွယ် ပြင်သစ် အမျိုးသမီး တစ်ဦးက ဥရောပ လူ့အခွင့်အရေး တရားရုံးမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဥရောပ တရားရုံးကတော့ အများပြည်သူတွေ လူမှုရေးအရ ညီညွတ်နေမှုကို ကာကွယ် စောင့်ရှောက်တဲ့ အနေနဲ့ ပြင်သစ် အာဏာပိုင်တွေမှာ တားမြစ်ပိုင်ခွင့် ရှိတယ်လို့ အမိန့် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ မျက်နှာတစ်ခုလုံး မလွှမ်းခြုံရ ဆိုတဲ့ ဒီဥပဒေကို ပြင်သစ်နိုင်ငံမှာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက ချမှတ် ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဘယ်လ်ဂျီယံမှာလည်း အလားတူ ချမှတ်ထားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ