ဓာတုလက်နက် ဖျက်ဆီးရေး နောက်ဆုံးအဆင့် စတင်

ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား ဓာတုပစ္စည်းတွေကို ဒိန်းမတ် သင်္ဘောမှ အမေရိကန် သင်္ဘောဆီ ရွှေ့ပြောင်းစဉ်။

ဆီးရီးယား အစိုးရဆီကနေ ဓာတုလက်နက်တွေ သိမ်းယူ ဖျက်ဆီးရေး နိုင်ငံတကာ အစီအစဉ်ရဲ့ နောက်ဆုံး အဆင့်ကို အီတလီ တောင်ဘက် ပိုင်းက ဂျော်ရီရာ ထော်ရို Gioria Tauro ဆိပ်ကမ်းမှာ လုပ်ဆောင်နေကြပါတယ်။

ဆီရီးယား နိုင်ငံထဲက ဖယ်ရှားလာခဲ့တဲ့ အာရုံကြော အဆိပ်ဓာတ်ငွေ့တွေ အပါအဝင် ဓာတုပစ္စည်းတွေကို ဒိန်းမတ် သင်္ဘောတစ်စင်းက သယ်ဆောင်လာခဲ့ပြီး အီတလီ ဆိပ်ကမ်းကို ဆိုက်ရောက်လာတာဖြစ်ပါတယ်။

အဲဒီ ဒိန်းမတ် သင်္ဘောပေါ်က ဓာတုပစ္စည်းတွေကို အမေရိကန် ရေတပ် သင်္ဘောတစ်စင်းပေါ် ပြောင်းရွှေ့ပြီး ပယ်လယ်ထဲ သယ်ဆောင် ဖျက်စီးပစ်မှာ ဖြစ်ပါတယ်။

အဲဒီ ဂျောရီရာ ထော်ရို ဆိပ်ကမ်းတဝိုက်မှာ လုံခြုံရေး အလွန့်အလွန် တင်းကျပ်ထားပြီး ဆိပ်ကမ်းက တခြား လုပ်ငန်းဆောင်တာတွေ အားလုံး ရပ်ဆိုင်းထားတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ