ဆလိုဗင့်က သူပုန်တွေ ဆုတ်ခွာလာ

Sloviansk ဓာတ်ပုံ မူပိုင် Reuters
Image caption သူပုန်တပ်က သံချပ်ကာကား တစီး

ယူကရိန်း အရှေ့ပိုင်းက ရုရှ လိုလားတဲ့ သူပုန်တွေ အခိုင်အမာ သိမ်းထားတဲ့ ဆလိုဗင့် မြို့ထဲက သူပုန် အမြောက်အမြား ဆုတ်ခွာ ထွက်ပြေး လာ ခဲ့ပါတယ်။

အစိုးရ ဘက်က တပ်အင်အား အလုံးအရင်းနဲ့ ပြန်သိမ်းဖို့ ကြိုးစား ခဲ့ပြီးနောက် ခုလို ဆုတ်ခွာလာ ခဲ့တာပါ။

ဒါဟာ ယူကရိန်း အာဏာပိုင် တွေ အတွက် အောင်ပွဲကြီး ဖြစ်ပေမယ့် အခြေအနေက မရေမရာမှု တွေ များနေတယ်လို့ ဆလိုဗင့်က ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဆလိုဗင့် မြို့ ခန်းမမှာ ယူကရိန်း အလံ လွှင့်ထူ ထားခဲ့ပြီး ဖြစ်တယ်လို့ ယူကရိန်း ကာကွယ်ရေး ဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ ပဋိပက္ခ တွေ အတွင်း အများကြီး ထိခိုက် ပျက်စီး ခဲ့တဲ့ မြို့ကို ယူကရိန်း အစိုးရ ပြန်သိမ်း နိုင်ခဲ့ပုံ ရတယ်လို့ ဥရောပ လုံခြုံရေး အဖွဲ့က Michael Bociurkiw က ဘီဘီစီကို ပြောကြား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ