မြန်မာ ဆင်ရိုင်းတွေ ခိုးထုတ်ခံနေရ

elephant ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်း နိုင်ငံက ဆင် စခန်း

မြန်မာပြည်က အာရှ ဆင်ရိုင်းတွေကို ဆင် မှောင်ခို ကူးသူ တွေက ညှဉ်းပန်း နှိပ်စက် ဖမ်းဆီး ပြီး အိမ်နီးချင်း ထိုင်း နိုင်ငံ က ကမ္ဘာလှည့် ခရီးသွား တွေ အလာ များတဲ့ ဆင် စခန်း တွေကို ရောင်းစား နေတာတွေ ရှိတယ် လို့ တောရိုင်း တိရိစ္ဆာန် ကာကွယ် စောင့်ရှောက် သူများ က ပြောဆို သတိပေး လိုက်ပါတယ်။

မြန်မာပြည်က ဆင် မှောင်ခို သမားတွေက တောအုပ် ထဲက သဘာဝ ဆင်ရိုင်း တွေကို ဖမ်းဆီး၊ ယဉ်အောင် မွေးပြီးတော့ နယ်စပ် ဖြတ်ကျော်ပြီး ရောင်းချ တာတွေ လုပ်တယ်လို့ Traffic အမည် ရတဲ့ နိုင်ငံတကာ သားရိုင်း တိရစ္ဆာန် ရောင်းချမှု စောင့်ကြည့်ရေး အဖွဲ့က ထုတ်ပြန် လိုက်တာပါ။

ကမ္ဘာလှည့်တွေ ပိုပြီး သဘောကျတဲ့ ဆင်ပေါက် ကလေး တွေကို ကျင်းထောင် ဖမ်းတာ၊ စိတ်ကို ချိုးနှိမ်တဲ့ အနေနဲ့ ရိုက်နှက်တာ တွေ လုပ်တာတွေ ရှိနေတယ် လို့လဲ ဒီအဖွဲ့က သုံးသပ် ပြောဆို ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ