Slovianskကို သိမ်းနိုင်တာ အလှည့်အပြောင်း

petro_poroshenko_ ဓာတ်ပုံ မူပိုင် AP
Image caption ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှင်ကို

ယူကရိန်း အရှေ့ပိုင်းက ဆလိုဗီးယန့်စ်ခ် မြို့ကို၊ ရုရှားလိုလားသူ ခွဲထွက်ရေး ဝါဒီတွေ လက်ထဲက ပြန်လည် သိမ်းယူနိုင် လိုက်တာဟာ၊ အရေးကြီးတဲ့ အောင်မြင်မှု တစ်ရပ် ဖြစ်တယ်လို့၊ ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှင်ကို က ပြောလိုက်ပါတယ်။

ဂျူလိုင် ၅ ရက်နေ့မှာ၊ ဆလိုဗီးယန့်စ်ခ် ကို ၊ အကြမ်းဖက်သမားတွေ လက်ထဲကနေ၊ ယူကရိန်းရဲ့ စစ်တပ်နဲ့ ပြည်စောင့်တပ် တွေက လွတ်မြောက်စေခဲ့တယ် ဆိုပြီးတော့လည်း၊ မစ္စတာ ပိုရိုရှင်ကိုက ပြောပါတယ်။

ယူကရိန်းနိုင်ငံ ပြိုကွဲအောင် ခြိမ်းခြောက်နေတဲ့ လက်နက်ကိုင်တွေနဲ့ ရင်ဆိုင်နေရတဲ့ တိုက်ပွဲမှာ၊ ဆလိုဗီးယန့်စ်ခ်မြို့ အောင်ပွဲဟာ၊ အလှည့်အပြောင်း တစ်ရပ် ဖြစ်လာတယ် လို့လည်း မစ္စတာ ပိုရိုရှင်ကို က ဆိုပါတယ်။

ဒါပေမယ့်၊ သူပုန်တွေဟာ တခြား ယူကရိန်း အရှေ့ခြမ်း မြို့တွေ မှာ၊ ပြန်လည် အင်အားစုစည်းမယ် ဆိုပြီး၊ ပြောကြားထားတဲ့ အတွက်၊ အဆုံးသတ် အောင်ပွဲ ရသေးတာ မဟုတ်ဘူး ဆိုပြီးတော့ မစ္စတာ ပိုရိုရှင်ကို က သတိပေးထားပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ