ကန်လေကြောင်း လုံခြုံရေး တိုးမြှင့်မယ်

us security ဓာတ်ပုံ မူပိုင် .
Image caption လျှပ်စစ် ပစ္စည်းတွေ ပို စစ်ဆေးမယ်

အမေရိကန်ကို လာမယ့် လေကြောင်း လိုင်း တွေ စတင် ပျံသန်းမယ့် နိုင်ငံခြား လေဆိပ် တချို့မှာ တပ်ဆင်ဖို့ ရှိတဲ့ လုံခြုံရေး နည်းပညာ အစီအစဉ်သစ် တွေကို အမေရိကန် လုံခြုံရေး အရာရှိ တွေက အသေးစိတ် ထုတ်ပြန် ခဲ့ပါတယ်။

ကမ္ဘာ့ အခြေအနေ အကဲခတ်ချက်တွေအရ အမေရိကကို တိုက်ခိုက် လာနိုင်တဲ့ အန္တရာယ် ရှိနေသေးတဲ့ အတွက် လေကြောင်း လုံခြုံရေး စနစ်ကို အဆင့်မြှင့်ဖို့ ညွှန်ကြား လိုက်တယ်လို့ အမေရိကန် ပြည်တွင်း လုံခြုံရေး ဝန်ကြီး ဂျေးဂျွန်ဆင်က ပြောပါတယ်။

ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်း တွေလို လျှပ်စစ် ပစ္စည်းတွေ ကိုင်ဆောင် လာတဲ့ လေယာဉ် ခရီးသည် တွေကို သူတို့ သုံးတဲ့ ဘက်ထရီ တွေ နေရာတကျ တပ်ဆင်မှု ရှိမရှိ ဖွင့်ပြဖို့ လုံခြုံရေး အရာရှိ တွေက တောင်းဆို နိုင်တယ်လို့ သယ်ယူပို့ဆောင်မှု အုပ်ချုပ်ရေး အဖွဲ့က ပြောပါတယ်။

လေကြောင်း လုံခြုံရေး စနစ်တွေကို ကျော်လွှား နိုင်တဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို အစ္စလာမ္မစ် အစွန်းရောက် တွေက တီထွင်မယ်လို့ ပူပန် စိုးရိမ်မှုတွေ ရှိခဲ့ပြီးနောက် လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားဖို့ အမေရိကန် အစိုးရက ဗုဒ္ဓဟူး နေ့က ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ