အီးမေးတွေကို အမေရိကန် စောင့်ကြည့်

_edward_snowden ဓာတ်ပုံ မူပိုင် AFP
Image caption အမေရိကန် ထောက်လှမ်းရေး အကြောင်း ဖွင့်ချခဲ့သူ စနိုဒင်

အမေရိကန်ပြည်ထောင်စု ရဲ့ လုံခြုံရေးဆိုင်ရာ လေ့လာစမ်းစစ်သူဟောင်း Edward Snowden ဆီက ရတဲ့ စာရွက်စာတမ်း တွေ အပေါ် မူတည် ရေးသားထား တဲ့ အစီရင်ခံစာ ရဲ့ အဆိုရ၊ အမေရိကန် ထောက်လှမ်းရေး အဖွဲ့တွေ ဖြစ်တဲ့ FBI နဲ့ NSA တို့ဟာ၊ ထင်ရှားတဲ့ အမေရိကန် မွတ်ဆလင်မ် ၅ ဦးရဲ့၊ အီးမေးလ်တွေကို စောင့်ကြည့် စစ်ဆေး နေခဲ့တယ် လို့ ဆိုပါတယ်။

ဒီလို စောင့်ကြည့်ခဲ့တာ ဟာ၊ နိုင်ငံခြားသား အကြမ်းဖက် သမားတွေရဲ့ အန္တရာယ် အပါအဝင် အမျိုးသား လုံခြုံရေးကို ထိခိုက် စေနိုင်တာတွေ အပေါ် အစိုးရက စုံစမ်း ထုတ်ဖော်ဖို့ ရည်ရွယ်တဲ့ ပမာဏ ကြီးကြီးမားမား ထောက်လှမ်း ခဲ့တာရဲ့ အစိတ်အပိုင်း တစ်ရပ်လို့တော့ အစီရင်ခံစာက ရေးသား ထားပါတယ်။

အီးမေးလ်တွေ စောင့်ကြည့် ခံရသူတွေထဲ မှာ၊ အမေရိကန် ပြည်တွင်း လုံခြုံရေးဌာန ရဲ့ မူဝါဒရေးရာ ညွှန်ကြားရေးမှုး၊ ပါကစ္စတန် မှာ မွေးဖွားခဲ့သူ Faisal Gill လည်း၊ ပါဝင်ပါတယ်။

သူအပါအဝင်၊ စောင့်ကြည့်ခံခဲ့ရတဲ့ ၅ ဦးစလုံး၊ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်မှု မရှိကြောင်း အကြွင်းမဲ့ ငြင်းပယ်ခဲ့ပါ တယ်။

သူတို့ ရာဇဝတ်မှု တစုံတရာ ကျူးလွန်ခဲ့တယ် ဆိုတာကို ညွှန်ပြနိုင်တဲ့ ဘယ်လို သက်သေ အထောက်အထားမှလည်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ