အစ္စရေး တိုက်ခိုက်မှု ဂါဇာမှာ သေဆုံးသူ တိုးလာ

ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေး တိုက်ခိုက်မှုကြောင့် ခုချိန်ထိ ဂါဇာမှာ သေဆုံးသူ ၈၀ ကျော် ရှိပြီလို့ဆို

အစ္စရေး တိုက်ခိုက်မှုကြောင့် ဒဏ်ရာရတဲ့ ပါလက်စတိုင်း လူနာတွေ ဆေးကုသ ခံနိုင်ဖို့အတွက် အီဂျစ် အစိုးရက ဂါဇာ ဒေသဘက် အဓိက ဝင်ပေါက်ကို ပြန်ဖွင့် ပေးခဲ့ပါတယ်။

တိုက်ခိုက်မှုတွေ စတင် ဖြစ်ပွားပြီး နောက်ပိုင်း ဂါဇာမှာ လူပေါင်း ၈ဝ ကျော် သေဆုံးခဲ့ရပြီး အဲဒီထဲက အနည်းဆုံး တဝက်က အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ ဆေးဘက် အရာရှိ တွေက ပြောပါတယ်။

အရပ်သား တွေကို ဦးတည် ပစ်ခတ်တာကို ဘယ်နိုင်ငံကမှ လက်ခံမှာ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြား ခဲ့ပါတယ်။

နှစ်ဘက် အပစ်အခတ် အရှိန် လျှော့ဖို့လဲ အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဘက်လုံးကို ဂျွန်ကယ်ရီက ပန်ကြား ခဲ့ပါတယ်။

အစ္စရေး စစ်ဘက်က ထုတ်ပြန်ချက်မှာတော့ ဥမင် လိုဏ်ခေါင်းတွေ၊ ဒုံးကျည် ထားတဲ့ စင်တွေ အပါအဝင် ဂါဇာဘက်မှာ ရှိတဲ့ ရာနဲ့ ချီတဲ့ ပစ်မှတ်တွေကို ညလုံးပေါက် ပစ်ခတ် နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်မှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်နေတဲ့ လူတွေထဲက အနည်းဆုံး ၉ ယောက်လည်း သေဆုံး ခဲ့ရပါတယ်။

ပါလက်စတိုင်း ဘက်ကလည်း အစ္စရေး နယ်မြေထဲကို ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့် အသေအပျောက် ရှိတယ်လို့ သတင်း မရရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ