မလေးရှား မင်းသားရဲ့ ချစ်သူ အသတ်ခံရမှု စစ်ဆေး

Image caption အလောင်းကို ဂျာဟိုး စော်ဘွားမိသားစုနဲ့ ပတ်သက်တဲ့ ကျွန်းပေါ်မှာ တွေ့ခဲ့

မလေးရှား နိုင်ငံ ဂျာဟိုး နယ်က မင်းသား တစ်ပါးရဲ့ ချစ်သူ ရည်းစားလို့ ယူဆရတဲ့ အက်စတိုးနီးယား မော်ဒယ် တစ်ယောက် ကမ်းခြေမှာ အသတ် ခံရမှု အတွက် ရဲက စတင် စုံစမ်းနေပါပြီ။

အက်စတိုးနီးယား မော်ဒယ် Regina Soosalu ရဲ့ အလောင်းကို ဂျာဟိုး စော်ဘွား မိသားစုနဲ့ ပတ်သက်တဲ့ ပုဂ္ဂလိက ကျွန်း တစ်ကျွန်းပေါ်မှာ ရှာတွေ့ ခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းက ရေနစ် သေဆုံးတယ်လို့ ရဲက ယူဆ ခဲ့ပေမယ့် ရုပ်အလောင်းမှာ သံသယ ရှိဖွယ် ဒဏ်ရာတွေ တွေ့ရှိခဲ့လို့ လူသတ်မှု အဖြစ် ပြင်ဆင် သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ စပ်လျဉ်းပြီး လူ ၆ ယောက်ကို ဖမ်းဆီး ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ