ဘင်္ဂလားဒေ့ရှ်နဲ့ ရိုဟင်ဂျာ ယူခွင့်ပိတ်

rohingya ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုဟင်ဂျာ လှေစီး ဒုက္ခသည်တွေ

ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ ရိုဟင်ဂျာ တွေနဲ့ ဒေသခံ တွေကို လက်ထပ်ခွင့် မပေးဖို့ တရားရုံးတွေကို ဘင်္ဂလား ဒေ့ရှ် အစိုးရက ညွှန်ကြား ထားပါတယ်။

ဘင်္ဂလား ဒေ့ရှ် နိုင်ငံထဲကို တရားမဝင် ဝင်ရောက် လာတဲ့ ရိုဟင်ဂျာ တွေက လက်ထပ် ထိမ်းမြားပြီး နိုင်ငံသား အခွင့်အရေး တောင်းဆို လာကြတယ်လို့ ဥပဒေ ရေးရာ ဝန်ကြီး Anisul Huq က ပြောကြား ခဲ့ပါတယ်။

ဒီလူတွေဟာ ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား တွေ မဟုတ်လို့ လက်ထပ်ခွင့် မရှိဘူးလို့ Anisul Huq က ပြောကြား ခဲ့ပါတယ်။

ဒီတားမြစ်မှု ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မဟုတ်ဘဲ ဥပဒေ ကိစ္စသာ ဖြစ်တယ် လို့လဲ သူက ပြောပါတယ်။

လူမျိုးရေး ဘာသာရေး ပဋိပက္ခ တွေကြောင့် သိန်းနဲ့ချီတဲ့ နိုင်ငံမဲ့ ရို ဟင်ဂျာ တွေ ဘင်္ဂလား ဒေ့ရှ် ဘက်ကို တိမ်းရှောင် ထွက်ပြေး ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ