ကာ့ဒ်တွေ အီရတ်အစိုးထဲ မပါဖို့ ဆုံးဖြတ်

iraq_ ဓာတ်ပုံ မူပိုင် AFP
Image caption အီရတ်က လက်နက်ကိုင် အဖွဲ့ခွဲတွေ

အီရတ်နိုင်ငံမှာ ရှိတဲ့ ကာ့ဒ် မျိုးနွယ်စုဝင် နိုင်ငံရေး သမားတွေဟာ၊ လက်ရှိ အီရတ် အစိုးရထဲမှာ ပူးပေါင်း ပါဝင်မှုကို ဆိုင်းငံ့ လိုက်ကြပါ တယ်။

ရှီအာ မွတ်ဆလင်မ် ဖြစ်တဲ့၊ ဝန်ကြီးချူပ် အယ်လ် မာလီကီနဲ့ အကြား၊ အငြင်းပွားမှုတွေ တိုးမြင့် လာနေခဲ့တဲ့နောက်၊ ကာ့ဒစ်ရှ် နိုင်ငံရေးသမားတွေ က အခုလို ဆုံးဖြတ်လိုက် တာ ဖြစ်ပါတယ်။

ကာ့ဒ်တွေဟာ၊ ဆွန်နီ လက်နက်ကိုင် သူပုန် အိုင်းဇစ်တွေကို လက်သင့် ခံထားကြတယ် ဆိုပြီး၊ ဝန်ကြီးချူပ် အယ်လ် မာလီကီက၊ စွပ်စွဲနေပါ တယ်။

လောလောဆယ်မှာ အိုင်းဇစ်တွေဟာ အီရတ်မြောက်ဘက်ဒေသ တလွှားကို သိမ်းပိုက်ထားပါတယ်။

သောကြာနေ့ကတော့၊ အီရတ်နိုင်ငံအတွင်း ကိုယ်ပိုင်အုပ်ချူပ်ခွင့် တစိတ်တပိုင်းရှိတဲ့ ကာ့ဒ်ဒစ္စတန် အစိုးရ အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေဟာ ကာခွတ် မြို့အနီးက အဓိက ရေနံမြေ ၂ ခုကို ထိန်းချူပ် လိုက်ပါတယ်။ ကာခွတ် မြို့အတွင်း ဗုံး ၂ ကြိမ် ကွဲခဲ့တာမှာ လည်း၊ အနည်းဆုံး ၁၉ ဦး သေဆုံးသွားပြီး၊ ၂၀ ကျော် ဒဏ်ရာ ရသွားပါတယ်။

တခါ၊ ပြီးခဲ့တဲ့ လအတွင်း အိုင်းဇစ်တွေ ထိုးစစ်ဆင် သိမ်းပိုက်လာနေကြတုန်း၊ အီရတ် အစိုးရတပ်နဲ့ အစိုးရ သစ္စာခံ လက်နက်ကိုင်တွေဟာ၊ သူတို့ မဆုတ်ခွာခင်၊ အကျဉ်းသား ၂၅၀ ကျော်ကို သတ်ဖြတ် ခဲ့ကြပုံ ရတယ် ဆိုပြီး၊ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့ Human Rights Watch က ပြောလိုက်ပါ တယ်။

ဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေဟာ၊ မတူတဲ့ မြို့ရွာ ၆ ခုမှာ ဖြစ်ခဲ့တယ် ဆိုတာကို၊ သူတို့ မှတ်တမ်းတင်ထားတယ်လို့၊ အဆိုပါ နြူးယော့ခ်မြို့ အခြေစိုက်အဖွဲ့က ပြောပါတယ်။ စွန်နီသူပုန် အိုင်းဇစ်တွေရဲ့ တိုက်ခိုက်လာမှုကို လက်တုန့်ပြန်တဲ့ အနေနဲ့၊ ဒီလို သတ်ဖြတ်ခဲ့ကြပုံရတယ် လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ