လက်တုန့်ပြန်မယ်လို့ ပိုရိုရှင်ကို ပြော

poroshenko_ ဓာတ်ပုံ မူပိုင် AP
Image caption ယူကရိန်း သမ္မတ ပိုရိုရှင်ကို

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း မှာ၊ ရုရှားလိုလားသူ ခွဲထွက်ရေးဝါဒီတွေ ရဲ့ ဒုံးကျည်တိုက်ခိုက်မှု အတွင်း၊ ယူကရိန်း အစိုးရ တပ်သား ၂၀ ကျော် သေဆုံး သွားခဲ့တဲ့ နောက်၊ အခုလို တိုက်ခိုက် ခဲ့သူတွေ ကို လိုက်လံ ရှာဖွေ ခြေမှုန်းပစ် မယ် ဆိုပြီး၊ ယူကရိန်း သမ္မတ ပိုရိုရှင်ကို က ပြောလိုက်ပါ တယ်။

ဇလီနိုပီလ်လျား လို့ခေါ်တဲ့ ရွာအနီး၊ ယူကရိန်း အစိုးရတပ် အတိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။ သမ္မတ ပိုရိုရှင်ကို တစ်ဘက်သတ် ကြေညာပေးခဲ့တဲ့ အပစ်ရပ်မှု ဟာ၊ ပြီးခဲ့တဲ့ ဂျွန်လ ၁၃ ရက်နေ့မှာ ကုန်ဆုံးခဲ့ပြီး နောက်ပိုင်း၊ ယူကရိန်း အစိုးရတပ်ဘက် က အသေအပျောက် အများဆုံး၊ အတိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

ယူကရိန်း ပြည်ထဲရေး ဝန်ကြီးရဲ့ အကြံပေး၊ Zoryan Shkiryak ကလည်း ယူကရိန်း ပြည်သူတွေ အပါအဝင် ယူကရိန်း စစ်သားတွေ ပြည်စောင့်တပ်တွေကို တိုက်ခိုက် လာသူတွေကို ယူကရိန်း ဥပဒေအတိုင်း ဖမ်းဆီး အပြစ်ပေးမှာ ဖြစ်တယ် လို့၊ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ