ပါလက်စတိုင်းတွေ ကို ဂါဇာမှ ရှောင်ဖို့ သတိပေး

gaza_israel_attack ဓာတ်ပုံ မူပိုင် AP
Image caption ဂါဇာ ကို လေကြောင်းမှ တိုက်ခိုက်

အစ္စရေးကလည်း ဂါဇာ မြောက်ဖျား မှာ နေထိုင်ကြတဲ့ ပါလက်စတိုင်းတွေ ကို နေအိမ်တွေ က ရှောင်တိမ်း နေကြဖို့ သတိပေး ကြေညာ အပြီးမှာ လေကြောင်းတိုက်ခိုက်မှု ကို ပြန်လည်စတင် ပါတယ်။

ဝန်ကြီးချုပ် နက်တန်ယာဟူး ပြောတာကတော့ အစ္စရေး ဘက်မှ တိုက်ခိုက်မှု ကြောင့်၊ အရပ်သားတွေ သေဆုံးရတာ စိတ်မကောင်းကြောင်း ပြောပါတယ်။ တကယ်တော့ ဟားမားစ်တွေ ဟာ ဂါဇာ နေ ပါလက်စတိုင်း ပြည်သူတွေ ကို လူသား ကာဒိုင်းသဘွယ် ကြားခံထားလို့ လူအသေအပျောက် များရတဲ့ အကြောင်း ၊ ဒါကြောင့် အစ္စရေး က ပစ်ခတ်မှု ထက် ဟားမားစ် ရဲ့ တာဝန်မဲ့မှု ကြောင့် ဖြစ်တယ် လို့ ဆိုသွားတာပါ။

အစ္စရေး စစ်တပ် က သူတို့ ပစ်မှတ်ထားတဲ့ နေရာ က အစ္စရေး နိုင်ငံဘက် ကို ဒုံးလက်နက်တွေ နဲ့ ပစ်ခတ်တဲ့ နေရာ တွေ လို့ ဆိုပါတယ်။ အခုလို သတိပေးချက် ကြားတာနဲ့ ဂါဇာ မြောက်ပိုင်းနေ ထောင် သောင်း ချီတဲ့ ပါလက်စတိုင်းတွေ ဟာ ၊ နေရပ်စွန့်ခွာ ရှောင်ပြေးကြပါတယ်။

ပြီးခဲ့တဲ့ အစ္စရေး လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၇၀ ကျော် သေဆုံးခဲ့ပါတယ်။ ဟားမားစ် တွေ ဘက်ကလည်း အစ္စရေးမြို့တွေ ကို ဒုံးကျည်တွေ နဲ့ ဆက်လက် ပစ်ခတ် နေကြရာမှာ တဲလ်အဗစ်မြို့တော် ကို အကာအကွယ်ပေးတဲ့ တန်ပြန် တိုက်ခိုက်တဲ့ နည်းစနစ် အရ ဒုံးပျံ နှစ်ခု ကို ပစ်ချလိုက်ပါတယ်။ အစ္စရေး ဘက်က ဒီတိုက်ခိုက်မှုတွေ အတွင်း ထိမှန်သေဆုံး ခြင်း မရှိပါဘူး။