အောင်ပွဲရ ဘောလုံးအသင်းကို ဂျာမနီ ကြိုဆို

ဓာတ်ပုံ မူပိုင် AFP
Image caption အောင်ပွဲရ ဂျာမနီအသင်း ဘာလင်မြို့ထဲ ဝင်လာစဉ်

ဂျာမနီ နိုင်ငံ မြို့တော် ဘာလင်မှာ ဘရာဇီး ကမ္ဘာ့ ဖလား အောင်ပွဲရ ဂျာမနီ အသင်းကို ထောင်သောင်း ချီတဲ့ လူထု ပရိသတ်က ဂုဏ်ပြု ကြိုဆို ခဲ့ကြပါတယ်။

ဘာလင် မြို့လယ်က ဘရန်ဒင်ဘာ့ဂ် မုခ်ဦးကြီး ရှေ့မှာ ဆောက်ထားတဲ့ စင်ကြီး ပေါ်ကနေ ဘောလုံး သမား တွေက ပရိသတ်နဲ့ အတူ အောင်ပွဲခံပြီး သီချင်း သံပြိုင် ဆိုခဲ့ကြပါတယ်။

မြို့ထဲ ဝင်တဲ့ လမ်းတလျှောက်မှာလဲ အမိုးဖွင့် ကားပေါ်ကနေ ကမ္ဘာ့ ဖလား ရွှေဆုကို ကိုင်မြှောက်လာကြတဲ့ ဘောလုံး သမားတွေဟာ လူပင်လယ် ထဲမှာ ဖြည်းဖြည်းချင်း ဖြတ်သန်း လာခဲ့ရတာ ဖြစ်ပါတယ်။

အခု ကမ္ဘာ့ဖလားဟာ ၁၉၉ဝ မှာ ဂျာမနီ ၂ နိုင်ငံ ပြန်လည် ပေါင်းစည်းပြီး နောက်ပိုင်း ပထမဆုံး အနိုင်ရခဲ့တဲ့ ကမ္ဘာ့ ဖလားပွဲလဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ