ဆီးရီးယား သမ္မတ တတိယ သက်တမ်း ကျမ်းကျိန်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား သူပုန်တွေကို ထောက်ခံတဲ့ အနောက်အုပ်စုနဲ့ အာရပ် နိုင်ငံတွေကို စိန်ခေါ်သွား

ဆီးရီးယား နိုင်ငံမှာ အတိုက်အခံတွေ လက်မခံဘဲ ကန့်ကွက်ခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် သမ္မတ ဘရှား အယ်လ် အာဆတ်က တတိယအကြိမ် သမ္မတ သက်တမ်း ၇နှစ် အတွက် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

သူ့အဆိုအရ သူ့ကို ဆန့်ကျင် တိုက်ခိုက်နေကြတဲ့ အကြမ်းဖက်သမား တွေကို အားပေး ထောက်ခံခဲ့တဲ့ အနောက်အုပ်စုနဲ့ အာရပ် နိုင်ငံတွေ အနေနဲ့ အကြီးအကျယ် ပြန်ပေးဆပ်ရမယ်လို့ သမ္မတ အားဆတ်က သူ့ရဲ့ မိန့်ခွန်းထဲမှာ စိန်ခေါ် ပြောဆို လိုက်ပါတယ်။

ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့ကြသူတွေ ဒါမှမဟုတ် တိုင်းပြည်ထဲကနေ ထွက်ပြေး သွားကြသူတွေ အားလုံးဟာ သစ္စာဖောက်တွေ ဖြစ်ကြပြီး ဆီးရီးယားမှာ မနေသင့် မနေထိုက်သူတွေ ဖြစ်တယ်လို့ သမ္မတ အားဆတ်က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ တွေကို အစိုးရ ထိန်းချုပ်တဲ့ ဒေသတွေမှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ