ဘော့စနီးယန်း သတ်ဖြတ်မှု ဒတ်ချ် တာဝန်ရှိ

Srebrenica ဓာတ်ပုံ မူပိုင် Reuters
Image caption ဘော့စနီးယန်း ဆာ့ဘ် ရက်စက် ကြမ်းကြုတ်မှု

၁၉၉ဝ ပြည့်လွန်နှစ် တွေတုန်းက အရင် ယူဂိုဆလား ဗီးယား နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း Srebrenica ဒေသမှာ ရှိတဲ့ ကုလသမဂ္ဂဝင်း ထဲကနေ နေရပ် ပြန်ပို့ခံခဲ့ရတဲ့ ဘော့စနီးယန်း မွတ်ဆလင် ၃ ရာကျော် လောက် သေဆုံးခဲ့ရမှုဟာ နယ်သာလန် အစိုးရမှာ တာဝန်ရှိကြောင်း တရားရုံးက ဆုံးဖြတ် လိုက်ပါတယ်။

ဘော့စနီးယန်း ဆာ့ဘ် တွေရဲ့ ရက်စက် ကြမ်းကြုတ်မှု သာဓကတွေ ရှိထားပြီးသား ဖြစ်တာမို့ အဲဒီလူတွေ အသတ်ခံရမယ် ဆိုတာကို ဒတ်ချ် ကုလသမဂ္ဂ ငြိမ်းချမ်းရေး အထူး တပ်ဖွဲ့က သိထားသင့်တယ်လို့ The Hague မြို့မှာ ရှိတဲ့ တရားရုံး တရားသူကြီးက ဆုံးဖြတ်ခဲ့ပါတယ်။

ဒတ်ချ် ကုလသမဂ္ဂ ငြိမ်းချမ်းရေး အထူးတပ်ဖွဲ့ ကတော့ အဲဒီအချိန်မှာ ဆာ့ဘ် တပ်ဖွဲ့တွေရဲ့ ဖိအားပေးမှုကို အကြီးအကျယ် ခံခဲ့ရတယ်လို့ စောဒကတက် လျှောက်တင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ကိုယ့်သဘောနဲ့ကိုယ် ကုလသမဂ္ဂ ဝင်းထဲကနေ ထွက်ပြေး သွားကြသူတွေ အတွက်တော့ သူတို့မှာ တာဝန် မရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၉၅ ခုနှစ် ဇူလိုင်လတုန်းက Srebrenica ဒေသမှာ ဘော့စနီးယန်း ဆာ့ဘ် ဗိုလ်ချုပ် Ratko မလာဒစ်ချ် ကို သစ္စာ စောင့်သိတဲ့ တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ လူ ၇ဝဝဝ ကျော်လောက် အစုလိုက် အပြုံလိုက် အသတ်ခံခဲ့ရပါတယ်။

သူ့ကို လောလောဆယ် The Hague မြို့က နိုင်ငံတကာ ရာဇဝတ် တရားရုံးမှာ ရုံးတင်စစ်ဆေး နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ