ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လတ် ပြည်ပ ထွက်ခွင့်ရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဥရောပကို ခရီးထွက်ဖို့ရှိတဲ့ မစ္စယင်လတ်

ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းအပြီး ပထမဆုံး အနေနဲ့ ရာထူးက ဖြုတ်ချ ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝပ်ကို စစ်တပ် အာဏာပိုင်တွေက ပြည်ပထွက်ခွာခွင့် ပြုလိုက်ပါတယ်။

မစ္စယင်လတ်ဟာ တစုံတရာ အာဏာ ဖီဆန်ခဲ့ခြင်း မရှိတာကြောင့် ခုလို ခွင့်ပြုပေးတာ ဖြစ်ကြောင်း ထိုင်း စစ်တပ် ပြောခွင့်ရသူက ဆိုပါတယ်။

သတင်းတွေအရ မစ္စယင်လတ်ဟာ ပြင်သစ်နိုင်ငံမှာ နေထိုင်နေတဲ့ သူမရဲ့ အစ်ကိုဖြစ်သူ အဝေးရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ မွေးနေ့ပွဲကို သွားရောက်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ဇူလိုင် ၂၆ ရက်မှာ ၆၅ နှစ်ပြည့်မယ့် ထိုင်း ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ဟာ ၂၀၀၆ ခုနှစ်က ထိုင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ရာထူးစွန့်ခဲ့ရသူ ဖြစ်ပါတယ်။

ထိုင်း စစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက နိုင်ငံရေး သမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းသမားတွေ အပါအဝင် လူတော်တော်များများကို ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ