မန်ဒဲလားနေ့ အထိမ်းအမှတ် ကမ္ဘာအနှံ့ ကျင်းပ

ဓာတ်ပုံ မူပိုင် AFP
Image caption မန်ဒဲလားနေ့မှာ သူနေခဲ့တဲ့ နေအိမ်ကို အချို့က အလည် လာရောက်ကြ။

ပြီးခဲတဲ့ နှစ်က ကွယ်လွန်သွားပြီ ဖြစ်တဲ့ တောင်အာဖရိ သမ္မတဟောင်း နယ်ဆင် မန်ဒဲလား အတွက် ဂုဏ်ပြုတဲ့ အနေနဲ့ ဒီကနေ့ ကျရောက်တဲ့ သူ့မွေးနေ့ကို မန်ဒဲလားနေ့ အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့တလွှားမှာ သူ့အတွက် အမှတ်ရ ဂုဏ်ပြုပွဲတွေ ကျင်းပနေကြပါတယ်။

၆၇ နှစ်ကြာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဖြစ်ခဲ့တဲ့ မန်ဒဲလားကို ဂုဏ်ပြုတဲ့ အနေနဲ့ သန်းချီတဲ့ ကမ္ဘာ့ ပြည်သူတွေဟာ ၆၇ မိနစ်ကြာ အများကောင်းကျိုး ကိစ္စတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

အခုလို ဆောင်ရွက်မှုတွေကို ၂၀၀၉ ခုနှစ်က နယူးယော့ခ်နဲ့ ဂျိုဟန်နက်စဘာ့ မြို့တွေမှာ စတင်ခဲ့တာ ဖြစ်ပြီး အခုတော့ နိုင်ငံပေါင်း ၁၂၆ ခုမှာ လှုပ်ရှား ဆောင်ရွက်နေကြပါပြီ။

ဒီသတင်းနဲ့ပတ်သက်သမျှ