ဂါဇာ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီလိုအပ်

_gaza_aid_ ဓာတ်ပုံ မူပိုင် Getty
Image caption ပါလက်စတိုင်း ဒုက္ခသည်တွေ

ဂါဇာမှာ ရှိတဲ့၊ ကုလသမဂ္ဂ က ဖွင့်လှစ်ထား တဲ့၊ စာသင်ကျောင်း နေရာတွေမှာ၊ ယာယီ မှီခို နေထိုင် နေကြရ တဲ့၊ ပါလက်စတိုင်း စစ်ပြေး ဒုက္ခသည် ၅ သောင်း ကျော် အတွက်၊ စားနပ်ရိက္ခာ အပါအဝင်၊ ထောက်ပံ့ရေး ပစ္စည်း တွေ၊ မလုံမလောက် ဖြစ်နေရပြီ ဆိုပြီး၊ ကုလသမဂ္ဂ က သတိပေး လိုက်ပါတယ်။

ဒီ အချိန်မှာပဲ၊ ဂါဇာမှာ၊ အစ္စရေးလ်က မြေပြင် ဝေဟင် စစ်ဆင်မှုတွေ၊ ဆက်လက် လုပ်ဆောင် နေကြဆဲ ဖြစ်ပါတယ်။

ဂါဇာမှာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ သူတွေ အရေအတွက်ဟာ၊ မျှော်မှန်းထားတာထက် အဆမတန် ပို များပြားနေပြီး၊ နောက်မှ ရောက်လာသူတွေ ကြမ်းပြင်ပေါ်မှာပဲ အိပ်နေရတယ် လို့ ကုလသမဂ္ဂရဲ့ ကယ်ဆယ်ရေး အရာရှိ ရောဘတ် တာနာ က ဆိုပါတယ်။

အစ္စရေးတို့ ရဲ့ အခု တိုက်ခိုက်မှုတွေကြောင့်၊ ဂါဇာမှာ သေဆုံးသူ ပါလက်စတိုင်း ဦးရေ ၃၅၀ ဝန်းကျင် ရှိနေပြီ ဖြစ်ပါတယ်။

ဂါဇာအရေးနဲ့ ပတ်သက်ပြီး၊ ကြားဝင်ဆောင်ရွက်ဖို့ ကြိုးစားနေတဲ့၊ အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရိုကို ရောက်ရှိနေတဲ့၊ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လောရဲန့် ဖဘျူးစ် က နောက်ထပ် လူ့ အသက်တွေ ထပ်မံ မဆုံးရှုံးစေဖို့၊ အပစ်ရပ်နိုင်ဖို့ က အရေးအကြီး ဆုံးပါပဲ လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ