တမီလ် ဒုက္ခသည်တွေ အိန္ဒိယ ပြန်ပို့ခံရဖို့ များနေ

ဓာတ်ပုံ မူပိုင် AFP
Image caption သြစတြေးလျ လူဝင်မှု ဝန်ကြီး Scott Morrison

သြစတြေးလျ ရေပြင်မှာ တစ်လကြာ ထိန်းသိမ်း ခံခဲ့ရတဲ့ တမီလ် ဒုက္ခသည် ၁၅ဝ ကျော်ကို သြစတြေးလျ ထိန်းသိမ်းရေး စခန်းကို ခေါ်ဆောင် သွားတော့မှာ ဖြစ်ပါတယ်။

တမီလ် လူမျိုးတွေ ဖြစ်တဲ့ အဲဒီလူတွေဟာ သီရိလင်္ကာ နိုင်ငံက ဖြစ်တယ်လို့ ယူဆရပေမယ့် သူတို့ ထွက်ခွာလာရာ အိန္ဒိယ နိုင်ငံကိုပဲ ပြန်ပို့ခံရဖို့ များနေပါတယ်။

ဒီလ စောစောပိုင်းကတော့ သြစတြေးလျ တရားရုံးချုပ်က အဲဒီအဖွဲ့ကို သီရိလင်္ကာ နိုင်ငံဆီ ပြန်ပို့ပေးဖို့ တားမြစ်ခဲ့ပါတယ်။

အိန္ဒိယ ဘက်ကတော့ သူတို့ဆီမှာ နေထိုင်ခဲ့ကြောင်း အထောက်အထား ပြနိုင်ရင် နိုင်ငံသား မဟုတ်လဲ လက်ခံ ပေးမယ်လို့ ဆိုပါတယ်။

ဒီလူတွေထဲက ဘယ်သူ့ကိုမှ သြစတြေးလျမှာ အခြေချခွင့် ပေးမှာ မဟုတ်ဘူးလို့ သြစတြေးလျ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး Scott Morrison က ယတိပြတ် ပြောထား ပါတယ်။

သြစတြေးလျ နိုင်ငံကို ဝင်လာပြီး ခိုလှုံဖို့ ကြိုးပမ်းသူတွေကို တားမြစ်ဖို့ ဝန်ကြီးချုပ် Tony Abbott ချမှတ်ခဲ့တဲ့ ပြင်းထန်တဲ့ မူဝါဒတွေအတိုင်း ဒီအမှုကို အလေးထား လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ