ယူကရိန်းအရှေ့ခြမ်း အစိုးရ ထိုးစစ် ဆင်

plane_crash_site ဓာတ်ပုံ မူပိုင် AFP
Image caption လေယာဉ် ပျက်ကျရာ ယူကရိန်း အရှေ့ခြမ်း ဒေသ

မလေးရှား လေယာဉ်ပျက်ကျခဲ့ တဲ့၊ ယူကရိန်း နိုင်ငံ အရှေ့ခြမ်းက ဒေသကို၊ ထိန်းချူပ်နိုင်ဖို့ အတွက်လို့ ဆိုကာ၊ ယူကရိန်း အစိုးရ စစ်တပ်တွေ ဟာ၊ ရုရှား လိုလားသူ ခွဲထွက်ရေး သူပုန်တွေ ကို၊ ပြင်းပြင်း ထန်ထန် တိုက်ခိုက် လာနေပါ တယ်။

နိုင်ငံတကာက စုံစမ်းရေး သမားတွေ အနေနဲ့၊ လေယာဉ် ပျက်ကျခဲ့ရာ ဒေသမှာ၊ အသေးစိတ် စုံစမ်းမှုတွေ ပြုလုပ်လို့ ရအောင်၊ ဒီလို ထိုးစစ်ဆင်မှုတွေ စတင်ရတာ ဖြစ်တယ် လို့၊ ယူကရိန်း အစိုးရ ရဲ့ ပြောခွင့်ရသူ၊ အဲန်ဒရီ လက်ချင် က၊ ပြောပါတယ်။

သူပုန်တွေ ထိန်းချူပ်ထားတဲ့ ဟော်လစ်ဗ်ကာနဲ့ ရှက်ခ်တာရပ်စ်ခ် မြို့တွေ ရဲ့ ပတ်ဝန်းကျင်မှာ၊ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အကြောင်း သတင်းတွေ ရရှိနေပါတယ်။

ဒီ အချိန်မှာပဲ၊ နယ်သလန် ဝန်ကြီးချူပ် မာ့ခ် ရူတာက မလေးလေယာဉ် ပျက်ကျခဲတဲ့ နေရာကို ထိန်းချူပ်မှု ရအောင်၊ နိုင်ငံတကာက စစ်ရေး ဆောင်ရွက်ချက်တွေ ပူးပေါင်း လုပ်ဆောင် ဖို့ မဖြစ်နိုင်ဘူး လို့ ပြောလိုက်ပါ တယ်။

နယ်သလန်၊ ဩစတြေးလျ နဲ့ မလေးရှားတို့က၊ အဲဒီ့ဒေသမှာ ယူကရိန်း အစိုးရနဲ့ ပူးတွဲပြီး၊ စစ်ရေး ဆောင်ရွက်ချက်တွေ လုပ်ကြမလား ဆိုပြီး စဉ်းစားခဲ့ကြ ပါသေးတယ်။ အခုတော့ နယ်သလန်က ဒီ အကြံအစည်ကို မဖြစ်နိုင်ဘူးလို့ ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင်၊ အခု ယူကရိန်း အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်လာတဲ့ အတွက်၊ လေယာဉ်ပျက်ကျမှုကို စုံစမ်းမယ့် နယ်သလန်က ကျွမ်းကျင်သူ ပညာရှင်တွေလည်း၊ အဲဒီ့ အရပ်ကို ဒီကနေ့ သွားရောက်မယ့် အစီအစဉ် ကို ဖျက်သိမ်းလိုက်ပါ တယ်။

တခါ၊ ရုရှားကနေ သူတို့နယ်မြေထဲကနေ ယူကရိန်း စစ်ရေး ပစ်မှတ်တွေ ကို၊ နယ်စပ်ဖြတ်ကျော် ပစ်ခတ်ခဲ့တာ ကို ပြသနေတဲ့ အထောက်အထားတွေ ဆိုပြီး၊ အမေရိကန်က ဂြိုလ်တုကတဆင့် ရိုက်ယူ ထားတဲ့ ဓာတ်ပုံတွေ ကို ထုတ်ပြန်လိုက်ပါ တယ်။

အဲဒီ့ ဓာတ်ပုံတွေကို၊ ပြီးခဲ့တဲ့ တစ်ပတ် အတွင်းက ရိုက်ယူခဲ့တာ လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

ဓာတ်ပုံထဲမှာ ရုရှားနယ်ထဲက၊ ဒုံးကျည်ပစ်စင်တွေကို တွေ့ရပြီး၊ ယူကရိန်း အရှေ့ခြမ်း မှာ အဲဒီ့က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့တဲ့ နေရာတွေ ကို အမှတ်သားနဲ့ ပြထားတာ တွေ့ရပါတယ်။

ဒီလို ယူကရိန်း စစ်ရေး ပစ်မှတ်တွေကို ရုရှားကနေ၊ ပစ်ခတ် နေခဲ့တယ် ဆိုတာကို အမေရိကန်က စွပ်စွဲလာခဲ့တဲ့ နောက်၊ ဒီဓာတ်ပုံတွေဟာ ပထမဆုံး သက်သေ အနေနဲ့ ထုတ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ရုရှားကတော့ ယူကရိန်း အရှေ့ခြမ်းမှာ သူတို့ရဲ့ တိုက်ရိုက် စွက်ဖက်မှု မရှိဘူး ဆိုပြီး၊ ငြင်းဆန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ