ဂါဇာမှာ အခြေအနေ အတန်အသင့် တည်ငြိမ်နေ

ဓာတ်ပုံ မူပိုင် Reuters
Image caption အိဒ်ကာလ ဝတ်ပြုနေကြတဲ့ ဂါဇာက ပါလက်စတိုင်းတွေ

ဂါဇာ ဒေသမှာ မွတ်ဆလင်တွေရဲ့ အိဒ်ပွဲတော် ပထမနေ့ ဖြစ်တဲ့ ဒီကနေ့မှာတော့ အခြေအနေတွေ အထိုက်အလျောက် တည်ငြိမ်နေတာ တွေ့ရပါတယ်။

အစ္စရေးတို့ ဘက်က မနေ့ညက တညလုံး တိုက်ခိုက်မှုတွေ လုံးဝ မလုပ်ခဲ့ဘူးလို့ ပြောသလို ဟားမာ့စ်တွေ ဘက်ကလည်း အစ္စရေး နိုင်ငံထဲ ရော့ကက် ဒုံးကျည်တွေနဲ့ ပစ်ခတ်တာတွေကို ရပ်ဆိုင်း ထားခဲ့ပါတယ်။

ဒီကနေ့ မနက်မှာတော့ ဂါဇာ ဘက်ကနေ ဒုံးကျည် တခု ပစ်လိုက်လို့ တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေးတို့က အကန့်အသတ်နဲ့ ပြန်လည် ပစ်ခတ်တာမျိုးတော့ ရှိခဲ့ပါတယ်။

ဂါဇာဘက်က ၄ နှစ်သား ကလေးငယ် တယောက်နဲ့ လူကြီးတယောက် တိုက်ခိုက်မှု ၂ခုမှာ သေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

အစောပိုင်းကတော့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက လူသားချင်း စာနာတဲ့ အပစ်အခတ် ရပ်စဲရေး တခုကို အကန့်အသတ် မရှိ အမြန်ဆုံး လုပ်ဖို့ တိုက်တွန်းထားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ