လေယာဉ် ပစ်ချခံရမှု စစ်ရာဇဝတ်မှု မြောက်ဟု ဆို

ဓာတ်ပုံ မူပိုင် AFP
Image caption အထောက်အထားတွေ ဖျက်စီးပစ်ခံရနိုင်ဟု ခန့်မှန်းကြ

ယူကရိန်း နိုင်ငံ အရှေ့ပိုင်းမှာ မလေးရှား လေယာဉ်ကို ပစ်ချခဲ့တဲ့ လုပ်ရပ်ဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲ နာဗီ ပီလေးက ပြောကြား လိုက်ပါတယ်။

အဲဒီ လေယာဉ်ကို ရုရှား လိုလားတဲ့ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေက ရုရှားတို့ ထောက်ပံ့တဲ့ ဒုံးကျည် စနစ်ကို အသုံးပြုပြီး ပစ်ချခဲ့တာလို့ ယူကရိန်း အစိုးရနဲ့ အနောက်အုပ်စု နိုင်ငံတွေက ယူဆနေကြပါတယ်။

ဒီအဖြစ်ဆိုးကြောင့် လေယာဉ် ပေါ် ပါသွားတဲ့ လူ ၂၉၈ ဦး စလုံး သေဆုံးသွားပါတယ်။

သူပုန်တွေကတော့ လေယာဉ်ကို သူတို့ ပစ်တာ မဟုတ်ဘူးလို့ ငြင်းဆိုနေပါတယ်။

ကုလသမဂ္ဂက အခု နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ ယူကရိန်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ အတွင်း လူသူ ထူထပ်တဲ့ ဒေသတွေမှာ အစိုးရဘက်ကရော သူပုန်တွေ ဘက်ကပါ လက်နက်ကြီးတွေ သုံး တိုက်ခိုက်ခဲ့တဲ့အတွက် လူ တစ်ထောင့် တစ်ရာကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ