ဖိလစ်ပိုင်မှာ ယာဉ်တန်း တိုက်ခိုက်ခံရ၊ ၁၈ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် AP
Image caption အဘူ ဆာယက်ဖ် စစ်သွေးကြွတွေ လှုပ်ရှားတဲ့ ဂျိုလိုကျွန်းမှာ အစိုးရ စစ်တပ်က လုံခြုံရေး အပြည့် ချထား

ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်းမှာ ယာဉ်တန်း တခု တိုက်ခိုက် ခံခဲ့ရပြီး အနည်းဆုံး လူ ၁၈ ဦး သေဆုံးသွားပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဒေသတွင်းမှာ အစ္စလာမစ် ပြည်နယ်တခု သီးခြား ခွဲထွက် ထူထောင်ဖို့ ပုန်ကန် တိုက်ခိုက်နေတဲ့ အဘူ ဆာယက်ဖ် Abu Sayyaf လက်နက်ကိုင်တွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ဖိလစ်ပိုင် စစ်ဘက်ဆိုင်ရာက ထုတ်ပြန်လိုက်ပါတယ်။

ဂျိုလို ကျွန်းမှာ ရာမာဒန် ဥပုသ်လ ပြီးဆုံးတဲ့ အထိမ်းအမှတ် ဆင်နွှဲဖို့ လာကြတဲ့ ရွာသားတွေကို တင်ဆောင်လာတဲ့ ကားနှစ်စင်းကို အနည်းဆုံး သေနတ်သမား ၄၀ လောက်က ရိုင်ဖယ် သေနတ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လူမျိုးစုတွေ အကြား ခိုက်ရန် ဖြစ်ပွားနေမှုကြောင့် အခုလို တိုက်ခိုက်ခံရတာ ဖြစ်နိုင်ကြောင်းနဲ့ နောက်ထပ် တိုက်ခိုက်မှုတွေ ထပ်ဖြစ်လာနိုင်တဲ့ စိုးရိမ်မှုတွေ ရှိနေကြောင်း ဖိလစ်ပိုင် စစ်တပ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ