Yukos အစုရှင်တွေကို ရုရှားက ဘီလျံ ၅၀ ပေးရမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption Yukos အကြီးအကဲဟောင်း Mikhail Khodorkovsky

ဒေဝါလီ ခံခဲ့ရတဲ့ ရုရှား ရေနံ ကုမ္ပဏီဟောင်း ယုကော့စ် Yukos ရဲ့ အစုရှယ်ယာရှင်တွေကို ရုရှား အစိုးရက ဒေါ်လာ ဘီလျံ ၅၀ လျော်ကြေး ပေးဆောင်ဖို့ the Hague မြို့ နိုင်ငံတကာ ခုံရုံးက အမိန့်ချမှတ် လိုက်ပါတယ်။

သမ္မတ ပူတင် လက်ထက်မှာ ရုရှား အစိုးရ တာဝန်ရှိသူတွေက ယုကော့စ် ကုမ္ပဏီကို ဒေဝါလီ ခံရအောင် တရားရေး စနစ်ကို အသုံးချ လုပ်ဆောင်ခဲ့တယ်လို့ the Hague မြို့ ခုံရုံးက ဆုံးဖြတ်ခဲ့တာပါ။

ငွေလိမ်မှု၊ အခွန်ရှောင်မှုတွေနဲ့ စွဲချက်တင် ခံခဲ့ရပြီး ထောင်ချခံခဲ့ရတဲ့ ယုကော့စ် ကုမ္ပဏီရဲ့ အကြီးအကဲဟောင်း မီခေးလ် ခိုဒေါ်ကော့ဗ်စကီး Mikhail Khodorkovsky ဟာ နိုင်ငံရေး ပြိုင်ဘက် တဦး ဖြစ်လာမယ့် လက္ခဏာမျိုး တွေ့ခဲ့ရတယ်လို့ တရားရုံးရဲ့ စီရင်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေျ လက်ဗ်ရော့ဗ် ကတော့ ရုရှား အာဏာပိုင်တွေဘက်က အယူခံဝင်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ