၂၄ နာရီ အပစ်ရပ်ဖို့ ပါလက်စတိုင်း ကမ်းလှမ်း

ဓာတ်ပုံ မူပိုင် AFP
Image caption PLO ရဲ့ အထွေထွေ အတွင်းရေးမှူး Yasser Abed Rabbo သတင်းစာ ရှင်းလင်းစဉ်။

ဂါဇာမှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ၂၄ နာရီကြာ အပစ်ရပ်ရေး သဘောတူညီချက် တစ်ခု ပြုလုပ်ဖို့ ပါလက်စတိုင်း ထိပ်တန်း အရာရှိ တစ်ယောက်က ကမ်းလှမ်းလိုက် ပါတယ်။

ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့ PLO ရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ Yasser Abed Rabbo က အဲဒီ ကမ်းလှမ်းချက်ကို ဟားမားစ် အပါအဝင် အဓိက ပါလက်စတိုင်း အဖွဲ့တွေက ထောက်ခံတယ်လို့ ပြောပါတယ်။

အစောပိုင်းကတော့ ပါလက်စတိုင်းတို့ ဘက်က အပစ်ရပ်ရေးနဲ့ ပတ်သက်တဲ့ သူတို့ လိုလားတဲ့ အချက်တွေကို ဖော်ပြဖို့ ပါလက်စတိုင်း ကိုယ်စားလှယ် အဖွဲ့ကို ကိုင်ရို မြို့တော်ဆီ စေလွှတ်မယ်လို့ ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ