ကယ်ဆယ်ရေးယာဉ်တန်း ဆီးရီးယားထဲထပ်လွှတ်မယ်

un_aid_in_syria ဓာတ်ပုံ မူပိုင် AFP
Image caption ကုလ ကယ်ဆယ်ရေးတွေ ရလာတဲ့ ဆီးရီးယား ပြည်သူတွေ

ဆီးရီးယား နိုင်ငံထဲကို၊ ကယ်ဆယ်ရေး ပစ္စည်းတွေ သယ်ဆောင်ထားတဲ့၊ ထောက်ပံ့ရေး ယာဉ်တွေ၊ အခု လာမယ့် ရက် အနည်းငယ် အတွင်းမှာပဲ၊ ထပ်မံစေလွှတ်သွားဖို့ ရှိတယ် ဆိုပြီး၊ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာနားလည်း ကူညီစောင့်ရှောက်ရေး အဖွဲ့ရဲ့ အကြီးအကဲ၊ ဗယ်လရီ အားမို့စ်က ပြောလိုက်ပါတယ်။

ဒီလို စေလွှတ်တဲ့ အခါမှာတော့ ယိုယွင်းလာတဲ့ အခြေအနေတွေ ကြောင့်၊ အီရတ် နိုင်ငံဘက်ခြမ်း ကနေတော့၊ စေလွှတ်မှာ မဟုတ်ဘူး ဆိုပြီးတော့ လည်း ပြောပါတယ်။

ဆီးရီးယား အစိုးရရဲ့ သဘောတူမှု ကို ကြိုတင် တောင်းခံစရာ မလိုပဲ၊ ဆီးရီးယား နယ်မြေထဲ၊ ကယ်ဆယ်ရေး ပစ္စည်းတွေ သယ်ဆောင်တဲ့ ကုလသမဂ္ဂ ယာဉ်တန်းတွေ စေလွှတ်ဖို့၊ ဒီလ အစောပိုင်း က ပဲ၊ လုံခြုံရေး ကောင်စီမှာ ဆုံးဖြတ် ထားခဲ့ပါတယ်။

အစ္စရေး အစိုးရ အနေနဲ့ အခုအချိန်ထိအောင်၊ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာပဲ၊ အရပ်သားတွေပေါ်၊ ပေါက်ကွဲအားပြင်းထန်ပြီး၊ အစုလိုက် အပြုံလိုက်သေစေနိုင်တဲ့ စည်ပိုင်းဗုံးတွေ၊ ကြဲချနေတုန်းပဲလို့၊ အမေရိကန် အခြေစိုက်၊ Human Rights Watch က၊ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ