ဂါဇာအရေး ဆွေးနွေးမှု ကိုင်ရိုမှာ အသစ်ပြန်စ

ဓာတ်ပုံ မူပိုင် Reuters
Image caption ၃ ရက် အပစ်ရပ်ထားချိန် လုပ်ငန်းခွင် ဝင်နေတဲ့ ဂါဇာက ငါးဖမ်းသမားတွေ

ဂါဇာ ပဋိပက္ခ အဆုံးသတ်ရေး အတွက် ရေရှည် ဆုံးဖြတ်ချက် ချဖို့ အစ္စရေးနဲ့ ပါလက်စတိုင်း ညှိနှိုင်း ဆွေးနွေးသူတွေ ကိုင်ရိုမှာ ပြန်လည် ဆွေးနွေး နေကြပြီ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ တွေရဲ့ အလားအလာက လောလောဆယ် ကြေညာ ထားတဲ့ ၃ ရက် အပစ် ရပ်စဲရေးကို အစ္စရေးနဲ့ ဟားမတ်စ် တပ်တွေ ဘယ်လောက် လိုက်နာ ဆောင်ရွက်မလဲ ပေါ်မှာ မူတည် နေပါတယ် ။

ဂါဇာမှာ လူတွေ ပုံမှန် အတိုင်း လမ်းတွေပေါ် ပြန်ထွက်လာကြပြီး ရေလုပ်သား တွေလည်း ပင်လယ်ထဲ ပြန်ဆင်းနေကြပြီလို့ ဂါဇာက ဘီဘီစီ သတင်းထောက်က ပြောကြား ပါတယ်။

ဂါဇာက စစ်ရေး လှုပ်ရှားမှုတွေကို ဖျက်သိမ်းဖို့ အစ္စရေး ဘက်က ဆက် တောင်းဆိုနေမှာ ဖြစ်ပြီး ဟားမတ်စ် ဘက်ကတော့ ဂါဇာမှာ အစ္စရေးရဲ့ ပိတ်ဆို့ ထားမှု တွေကို ပြန်ဖွင့်ဖို့ တောင်းဆို လိမ့်မယ်လို့ သတင်းထောက် တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ