အီရတ် ဝန်ကြီးချုပ် ရာထူးကဆင်းပေး

အီရတ်ဝန်ကြီးချုပ်မာလီကီ ဓာတ်ပုံ မူပိုင် AP
Image caption အီရတ်ဝန်ကြီးချုပ်မာလီကီ

အီရတ်အစိုးရဟာ သူပုန်တွေကို နှိမ်နင်းဖို့ ရုန်းကန်နေရစဉ်မှာဘဲ ဝန်ကြီးချုပ် နိုရီ မလီကီက ရာထူကဆင်းပေးတဲ့အတွက် နိုင်ငံရေး ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့ ပြဿနာ အဆုံးသတ် သွားစေပါတယ်။

အသံ မာလီကီက ရာထူးကနှုတ်ထွက်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာသွားတဲ့အတွက် အစိုးရဖွဲ့ဖို့ သမ္မတက တာဝန်ပေးလိုက်တဲ့ မစ္စတာ အဘာဒီအတွက် လမ်းပွင့်သွားပါတယ်။ ပါလီမန်ဒုတိယဥက္ကဌ အဘာဒီအတွက်နေရာ ဖယ်ရှားပေးဖို့ မာလီကီကို ဖိအားအကြီးအကျယ် ပေးခံနေရတာဖြစ်ပါတယ်။

သူတိုင်းပြည်အုပ်ချုပ်တဲ့ ရှစ်နှစ်ကာလအတွင်း အကြမ်းဖက်မှုအဆင့်ဆင့်နဲ့ အဖျက်လုပ်ငန်းတွေကို တိုက်ခိုက်နှိမ်းနင်းနေရတယ်လို့ မာလီကီကပြောကြောင်း အီရတ်မှဘီဘီစီသတင်းထောက် ဂျင်မိယားကဆိုပါတယ်။ သူ့အနေနဲ့ ဥပဒေကိုလိုက်နာပြီးသူ့ကို တိုက်ခိုက်မှုတွေကြုံရတာတောင် အကြမ်းဖက်မှုတွေကို ရှောင်ရှားခဲ့တယ်လို့ပြောပါတယ်။ အခုတော့သူ့အနေနဲ့ သူ့အတွက်ကြောင့် သွေးထွက်သံယိုဖြစ်မှာလုံးဝမလိုလားဖူးလို့ပြောသွားပါတယ်။

မာလီကီ အစိုးရဟာ လူများစုရှီယာတွေကို ပိုအရေးပေးတယ်လို့ စွပ်စွဲခံနေရတဲ့အတွက် အခုလို နှုတ်ထွက် လိုက်တဲ့အခါ ရှစ်နှစ်ကြာ အကွဲကွဲ အပြဲပြဲ ဖြစ်စေတဲ့ အုပ်ချုပ်ရေးကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

အခုဝန်ကြီးချုပ် အဖြစ်လျာထားခံရတဲ့ အဘာဒီဟာ ဒါဝါပါတီအတွင်း လူတွေက သဘောထား မျှတသူလို့ယူဆပြီးသူ့ အနေနဲ့ မာလီကီနဲ့စာရင် ပိုပြီး ညှိနှိုင်း အဖြေရှာမယ့်ပုံတွေ့ရတယ်လို့ အီရတ်ရှိ ဘီဘီစီသတင်းထောက် ဂျင်မိယားကပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ